ရော​မ​ဩ​ဝါ​ဒ​စာ 11:16-22 MSB

16 အ​သီး​ဦး​အ​ဖြစ်​ပူ​ဇော်​သော​မုန့်​ညက်​သည် သန့်​ရှင်း​လျှင် မုန့်​ညက်​တစ်​ပုံ​လုံး​သည်​လည်း သန့်​ရှင်း​၏။ အ​မြစ်​သည် သန့်​ရှင်း​လျှင် အ​ကိုင်း​အ​ခက်​များ​သည်​လည်း သန့်​ရှင်း​ကြ​၏။

17 သို့​သော် အ​ကိုင်း​အ​ခက်​အ​ချို့​တို့​သည် ခုတ်​ဖြတ်​ခြင်း​ခံ​ရ​၍ သံ​လွင်​ပင်​အ​ရိုင်း​ဖြစ်​သော​သင်​သည် ထို​အ​ကိုင်း​အ​ခက်​များ​ကြား​၌ ကိုင်း​ဆက်​ကူး​ခံ​ရ​ပြီး သံ​လွင်​ပင်​အ​မြစ်​မှ​အ​ဆီ​အ​နှစ်​ကို မျှ​ဝေ​ခံ​စား​သူ​ဖြစ်​လာ​လျှင်

18 ထို​အ​ကိုင်း​အ​ခက်​များ​အ​ပေါ် ဝါ​ကြွား​သော​စိတ်​မ​ရှိ​နှင့်။ ဝါ​ကြွား​လျှင်​လည်း သင်​သည် အ​မြစ်​ကို​ထောက်​မ​သည်​မ​ဟုတ်။ အ​မြစ်​က​သာ သင့်​ကို​ထောက်​မ​၏။

19 ထို​အ​ခါ သင်​က “ငါ့​ကို ကိုင်း​ဆက်​ကူး​ရန်​အ​တွက် အ​ကိုင်း​အ​ခက်​များ​သည် ခုတ်​ဖြတ်​ခြင်း​ခံ​ရ​ကြ​သည်”​ဟု ဆို​လိမ့်​မည်။

20 မှန်​ပေ​၏။ သူ​တို့​သည် မ​ယုံ​ကြည်​မှု​ကြောင့် ခုတ်​ဖြတ်​ခြင်း​ခံ​ရ​ပြီး သင်​မူ​ကား ယုံ​ကြည်​ခြင်း​ကြောင့်​တည်​နေ​၏။ ထောင်​လွှား​သော​သ​ဘော​မ​ရှိ​ဘဲ ကြောက်​ရွံ့​ခြင်း​ရှိ​လော့။

21 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် မူ​လ​အ​ကိုင်း​အ​ခက်​များ​ကို ညှာ​တာ​တော်​မ​မူ​ခဲ့​လျှင် သင့်​ကို​လည်း ညှာ​တာ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။

22 ထို့​ကြောင့် ဘု​ရား​သ​ခင်​၏​ပြင်း​ထန်​သော​စီ​ရင်​တော်​မူ​ခြင်း​နှင့်​ကျေး​ဇူး​ပြု​တော်​မူ​ခြင်း​တို့​ကို ကြည့်​ကြ​လော့။ ပြင်း​ထန်​သော​စီ​ရင်​တော်​မူ​ခြင်း​သည် လဲ​ကျ​သော​သူ​တို့​ပေါ်​၌​ရှိ​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​ပြု​တော်​မူ​ခြင်း​မူ​ကား သင်​သည် ထို​ကျေး​ဇူး​ပြု​တော်​မူ​ခြင်း​၌ ဆက်​၍​တည်​နေ​လျှင် သင့်​အ​ပေါ်​၌​ရှိ​၏။ ဆက်​၍​မ​တည်​လျှင် သင်​သည်​လည်း ခုတ်​ဖြတ်​ခြင်း​ခံ​ရ​လိမ့်​မည်။