ရော​မ​ဩ​ဝါ​ဒ​စာ 11:18-24 MSB

18 ထို​အ​ကိုင်း​အ​ခက်​များ​အ​ပေါ် ဝါ​ကြွား​သော​စိတ်​မ​ရှိ​နှင့်။ ဝါ​ကြွား​လျှင်​လည်း သင်​သည် အ​မြစ်​ကို​ထောက်​မ​သည်​မ​ဟုတ်။ အ​မြစ်​က​သာ သင့်​ကို​ထောက်​မ​၏။

19 ထို​အ​ခါ သင်​က “ငါ့​ကို ကိုင်း​ဆက်​ကူး​ရန်​အ​တွက် အ​ကိုင်း​အ​ခက်​များ​သည် ခုတ်​ဖြတ်​ခြင်း​ခံ​ရ​ကြ​သည်”​ဟု ဆို​လိမ့်​မည်။

20 မှန်​ပေ​၏။ သူ​တို့​သည် မ​ယုံ​ကြည်​မှု​ကြောင့် ခုတ်​ဖြတ်​ခြင်း​ခံ​ရ​ပြီး သင်​မူ​ကား ယုံ​ကြည်​ခြင်း​ကြောင့်​တည်​နေ​၏။ ထောင်​လွှား​သော​သ​ဘော​မ​ရှိ​ဘဲ ကြောက်​ရွံ့​ခြင်း​ရှိ​လော့။

21 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် မူ​လ​အ​ကိုင်း​အ​ခက်​များ​ကို ညှာ​တာ​တော်​မ​မူ​ခဲ့​လျှင် သင့်​ကို​လည်း ညှာ​တာ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။

22 ထို့​ကြောင့် ဘု​ရား​သ​ခင်​၏​ပြင်း​ထန်​သော​စီ​ရင်​တော်​မူ​ခြင်း​နှင့်​ကျေး​ဇူး​ပြု​တော်​မူ​ခြင်း​တို့​ကို ကြည့်​ကြ​လော့။ ပြင်း​ထန်​သော​စီ​ရင်​တော်​မူ​ခြင်း​သည် လဲ​ကျ​သော​သူ​တို့​ပေါ်​၌​ရှိ​၍ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​ပြု​တော်​မူ​ခြင်း​မူ​ကား သင်​သည် ထို​ကျေး​ဇူး​ပြု​တော်​မူ​ခြင်း​၌ ဆက်​၍​တည်​နေ​လျှင် သင့်​အ​ပေါ်​၌​ရှိ​၏။ ဆက်​၍​မ​တည်​လျှင် သင်​သည်​လည်း ခုတ်​ဖြတ်​ခြင်း​ခံ​ရ​လိမ့်​မည်။

23 သူ​တို့​သည်​လည်း မ​ယုံ​ကြည်​မှု​ကို​စွန့်​ပယ်​လျှင် ကိုင်း​ဆက်​ကူး​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သူ​တို့​ကို နောက်​တစ်​ဖန်​ကိုင်း​ဆက်​ကူး​ရန် ဘု​ရား​သ​ခင်​တတ်​နိုင်​တော်​မူ​၏။

24 အ​ဘယ်​ကြောင့်​ဆို​သော် သင်​သည် သ​ဘာ​ဝ​အ​တိုင်း ရိုင်း​သည့်​သံ​လွင်​ပင်​မှ ခုတ်​ဖြတ်​ခံ​ရ​၍ ကောင်း​သည့်​သံ​လွင်​ပင်​၌ သ​ဘာ​ဝ​နှင့်​ဆန့်​ကျင်​လျက် ကိုင်း​ဆက်​ကူး​ခြင်း​ခံ​ရ​သည်​မှန်​လျှင် သ​ဘာ​ဝ​အ​တိုင်း ကောင်း​သည့်​သံ​လွင်​ပင်​၏​အ​ကိုင်း​များ​ကို​မူ​ကား မူ​ရင်း​သံ​လွင်​ပင်​၌ မည်​မျှ​ပို​၍​လွယ်​ကူ​စွာ ကိုင်း​ဆက်​ကူး​နိုင်​လိမ့်​မည်​နည်း။