26 ဤသို့ဖြင့် အစ္စရေးလူမျိုးတစ်မျိုးလုံးသည် ကယ်တင်ခြင်းခံရမည်ဟူ၍ဖြစ်၏။ “ကယ်နုတ်သောအရှင်သည် ဇိအုန်မှကြွလာပြီး ယာကုပ်၏အမျိုးအနွယ်ထဲမှ ဘုရားတရားမဲ့ခြင်းများကို ဖယ်ရှားတော်မူလိမ့်မည်။
27 ဤသည်ကား သူတို့၏အပြစ်များကို ငါဖယ်ရှားသောအခါ သူတို့အား ငါပေးမည့်ပဋိညာဉ်ပေတည်း”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
28 ကောင်းမြတ်သောသတင်းအရ သူတို့သည် သင်တို့အတွက်ကြောင့် ရန်သူများဖြစ်ကြသော်လည်း ရွေးကောက်တော်မူခြင်းအရ ရှေးဘိုးဘေးများအတွက်ကြောင့် ချစ်တော်မူသောသူများဖြစ်ကြ၏။
29 အကြောင်းမူကား ဘုရားသခင်၏ဆုကျေးဇူးများနှင့်ခေါ်ယူတော်မူခြင်းသည် ပြောင်းလဲခြင်းမရှိ။
30 သင်တို့သည် တစ်ချိန်က ဘုရားသခင်ကိုမနာခံခဲ့ကြသော်လည်း ယခုအခါ ထိုသူတို့၏မနာခံမှုကြောင့် ကရုဏာတော်ကိုခံစားရကြသကဲ့သို့
31 သူတို့သည်လည်း ထိုနည်းတူ ယခုနာခံခြင်းမရှိကြပေ။ ဤသည်ကား သင်တို့ခံရသောကရုဏာတော်အားဖြင့် ယခုအခါ သူတို့သည်လည်း ကရုဏာတော်ကိုခံစားရကြစေရန်ဖြစ်၏။
32 ဘုရားသခင်သည် လူအပေါင်းတို့အပေါ်ကရုဏာထားတော်မူရန် လူအပေါင်းတို့ကို မနာခံမှုအဖြစ်၌ချုပ်ထားတော်မူ၏။