ရော​မ​ဩ​ဝါ​ဒ​စာ 11:3-9 MSB

3 သူ​က “အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည် ကိုယ်​တော်​၏​ပ​ရော​ဖက်​များ​ကို​သတ်​လျက် ကိုယ်​တော်​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ဦး​တည်း​ကျန်​ရစ်​ခဲ့​၍ အ​ကျွန်ုပ်​၏​အ​သက်​ကို​လည်း ရန်​ရှာ​နေ​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။

4 သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် သူ့​ကို မည်​သို့ ပြန်​၍​မိန့်​တော်​မူ​သ​နည်း။ “ငါ​သည် ဗာ​လ​ရှေ့​၌​ဒူး​မ​ထောက်​သော လူ​ခု​နစ်​ထောင်​ကို ငါ့​အ​တွက်​ချန်​ထား​၏”​ဟု မိန့်​တော်​မူ​၏။

5 ထို​နည်း​တူ ယ​ခု​အ​ချိန်​အ​ခါ​၌​လည်း ကျေး​ဇူး​တော်​အား​ဖြင့် ရွေး​ကောက်​ခံ​ရ​သည့်​ကြွင်း​ကျန်​သော​သူ​ရှိ​သေး​၏။

6 သို့​သော် ကျေး​ဇူး​တော်​အား​ဖြင့်​ဖြစ်​လျှင် အ​ကျင့်​အား​ဖြင့်​မ​ဟုတ်​တော့​ပေ။ သို့​မ​ဟုတ်​လျှင် ကျေး​ဇူး​တော်​သည် ကျေး​ဇူး​တော်​ဖြစ်​တော့​မည်​မ​ဟုတ်။

7 သို့​ဖြစ်​လျှင် မည်​သို့​နည်း။ အစ္စ​ရေး​လူ​မျိုး​တို့​သည် မိ​မိ​တို့​ကြိုး​စား​ရှာ​ဖွေ​သော​အ​ရာ​ကို မ​ရ​ရှိ​ကြ။ ရွေး​ကောက်​တော်​မူ​သော​သူ​တို့​သာ ရ​ရှိ​ကြ​ပြီး ကျန်​သော​သူ​တို့​သည် မာ​ကျော​ခက်​ထန်​သော​သ​ဘော​ရှိ​ကြ​၏။

8 “ဘု​ရား​သ​ခင်​သည် သူ​တို့​အား ယ​နေ့​ထိ​တိုင်​အောင် ထိုင်း​မှိုင်း​သော​စိတ်​သ​ဘော​ကို​လည်း​ကောင်း၊ မ​မြင်​နိုင်​သော​မျက်​စိ​ကို​လည်း​ကောင်း၊ မ​ကြား​နိုင်​သော​နား​ကို​လည်း​ကောင်း ပေး​တော်​မူ​၏”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။

9 ဒါ​ဝိဒ်​က​လည်း “သူ​တို့​၏​စား​ပွဲ​သည် သူ​တို့​အ​တွက် ကျော့​ကွင်း​သော်​လည်း​ကောင်း၊ ထောင်​ချောက်​သော်​လည်း​ကောင်း၊ မှား​ယွင်း​စေ​သော​အ​ရာ​သော်​လည်း​ကောင်း၊ လက်​တုံ့​ပြန်​စ​ရာ​သော်​လည်း​ကောင်း ဖြစ်​ပါ​စေ။