32 ဘုရားသခင်သည် လူအပေါင်းတို့အပေါ်ကရုဏာထားတော်မူရန် လူအပေါင်းတို့ကို မနာခံမှုအဖြစ်၌ချုပ်ထားတော်မူ၏။
33 ဘုရားသခင်၏အသိပညာနှင့်ဉာဏ်ပညာတော်တို့၏ကြွယ်ဝမှုသည် နက်နဲလှပါတကား။ စီရင်တော်မူချက်တို့ကို စူးစမ်းလေ့လာ၍မကုန်နိုင်။ လမ်းတော်တို့ကိုလည်း ချင့်မျှော်တွေးဆ၍မရနိုင်။
34 “မည်သူသည် ထာဝရဘုရား၏စိတ်တော်ကိုသိသနည်း။ မည်သူသည် ကိုယ်တော်၏အတိုင်ပင်ခံဖြစ်ဖူးသနည်း။
35 မိမိအပေါ် ကိုယ်တော်ကျေးဇူးတုံ့ပြန်ရလေအောင် မည်သူသည် ကိုယ်တော်အား ဦးစွာကျေးဇူးပြုဖူးသနည်း။”
36 အကြောင်းမူကား အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှလည်းကောင်း၊ ကိုယ်တော်အားဖြင့်လည်းကောင်း၊ ကိုယ်တော်အတွက်လည်းကောင်း ဖြစ်တည်ကြ၏။ ကိုယ်တော်ရှင်၌ ကာလအစဉ်အဆက် ဘုန်းအသရေတော်တည်ရှိပါစေသော။ အာမင်။