5 သို့ဖြစ်၍ အမျက်တော်ကြောင့်သာမဟုတ်ဘဲ အသိစိတ်အတွက်ကြောင့်လည်း နာခံရမည်။
6 ဤအကြောင်းကြောင့် အခွန်များကိုလည်း သင်တို့ပေးဆောင်ကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏အမှုကိုထမ်းဆောင်သူများဖြစ်ကြပြီး ထိုအမှုကို အစဉ်တစိုက်ဆောင်ရွက်နေကြ၏။
7 သို့ဖြစ်၍ လူအသီးသီးတို့အား ပေးသင့်သည်ကို ပေးဆောင်ကြလော့။ အခွန်ပေးသင့်သောသူအား အခွန်ကိုလည်းကောင်း၊ အကောက်ပေးသင့်သောသူအား အကောက်ကိုလည်းကောင်း ပေးဆောင်ကြလော့။ ကြောက်ရွံ့သင့်သောသူကိုကြောက်ရွံ့၍ ရိုသေသင့်သောသူကိုရိုသေကြလော့။
8 အချင်းချင်းချစ်ခြင်းမှတစ်ပါး မည်သည့်အကြွေးမျှ မတင်စေကြနှင့်။ သူတစ်ပါးကိုချစ်သောသူသည် ပညတ်တရားကိုပြည့်စုံစေပြီ။
9 အကြောင်းမူကား “အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ၊ လူမသတ်ရ၊ မခိုးယူရ၊ တပ်မက်သောစိတ်မရှိရ”ဟူသောပညတ်ချက်များမှစ၍ အခြားမည်သည့်ပညတ်ချက်မဆို “ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်”ဟူသော ဤမိန့်တော်မူချက်၌ ပေါင်းခြုံထား၏။
10 ချစ်ခြင်းမေတ္တာသည် ကိုယ့်ဝန်းကျင်၌ရှိသောသူအပေါ် မကောင်းသောအမှုကိုမပြုတတ်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည် ပညတ်တရား၏ပြည့်စုံရာဖြစ်၏။
11 သင်တို့သည် အချိန်အခါကိုသိကြ၏။ သင်တို့အိပ်ပျော်ရာမှ နိုးထရမည့်အချိန်နာရီရောက်လေပြီ။ အဘယ်ကြောင့်ဆိုသော် ယခုအခါ ငါတို့၏ကယ်တင်ခြင်းသည် ငါတို့စတင်ယုံကြည်ချိန်ကထက် ပို၍နီးကပ်လာပြီဖြစ်၏။