ရော​မ​ဩ​ဝါ​ဒ​စာ 14:1-5 MSB

1 ယုံ​ကြည်​ခြင်း​အား​နည်း​သော​သူ​ကို လက်​ခံ​ကြ​လော့။ သူ​၏​တွေး​တော​ဆင်​ခြင်​မှု​များ​ကို မ​ဝေ​ဖန်​ကြ​နှင့်။

2 အ​ချို့​သော​သူ​သည် အ​စား​အ​စာ​အား​လုံး​ကို​စား​၍​ရ​သည်​ဟု ယုံ​ကြည်​၏။ အား​နည်း​သော​သူ​မူ​ကား ဟင်း​သီး​ဟင်း​ရွက်​ကို​သာ​စား​၏။

3 စား​သော​သူ​သည် မ​စား​သော​သူ​ကို​မ​ထီ​မဲ့​မြင်​မ​ပြု​နှင့်။ မ​စား​သော​သူ​သည်​လည်း စား​သော​သူ​ကို မ​စီ​ရင်​နှင့်။ အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် သူ့​ကို​လက်​ခံ​တော်​မူ​ပြီ။

4 သင်​သည် မည်​သူ​ဖြစ်​၍ သူ​တစ်​ပါး​၏​အ​စေ​ခံ​ကို စီ​ရင်​သ​နည်း။ ထို​သူ​ရပ်​သည်​ဖြစ်​စေ၊ လဲ​သည်​ဖြစ်​စေ သူ့​သ​ခင်​နှင့်​ဆိုင်​၏။ သို့​ရာ​တွင် သူ​သည်​ရပ်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား သ​ခင်​ဘု​ရား​သည် သူ့​ကို​ရပ်​စေ​နိုင်​တော်​မူ​၏။

5 အ​ချို့​သော​သူ​သည် နေ့​ရက်​တစ်​ရက်​ကို အ​ခြား​နေ့​ရက်​ထက် ပို​၍​မြတ်​သည်​ဟု​ယူ​ဆ​၏။ အ​ချို့​မူ​ကား နေ့​ရက်​အား​လုံး​အ​တူ​တူ​ဖြစ်​သည်​ဟု​ယူ​ဆ​၏။ လူ​တိုင်း မိ​မိ​တို့​ယူ​ဆ​ထား​သော​အ​ရာ​အ​ပေါ် စိတ်​နှ​လုံး​ထဲ​၌ အ​ပြည့်​အ​ဝ​ယုံ​ကြည်​ပါ​စေ။