ရော​မ​ဩ​ဝါ​ဒ​စာ 16:1-7 MSB

1 ကင်​ခြေ​မြို့​ရှိ​အ​သင်း​တော်​၏​အ​မှု​ကို​ဆောင်​ရွက်​သူ​ဖြစ်​သော ငါ​တို့​၏​နှ​မ ဖိ​ဗေ​ကို သင်​တို့​ထံ မိတ်​ဆက်​အပ်​နှံ​လို​ပါ​၏။

2 သန့်​ရှင်း​သူ​များ​ပြု​သင့်​သည့်​အ​တိုင်း သ​ခင်​ဘု​ရား​၌ သူ့​ကို​လက်​ခံ​၍ သင်​တို့​ထံ​မှ သူ​လို​အပ်​သ​မျှ​သော​အ​ရာ​ကို ကူ​ညီ​ဆောင်​ရွက်​ပေး​ကြ​လော့။ အ​မှန်​စင်​စစ် သူ​သည် ငါ​ကိုယ်​တိုင်​မှ​စ​၍ များ​စွာ​သော​သူ​တို့​ကို ကူ​ညီ​ခဲ့​သူ​ဖြစ်​၏။

3 ခ​ရစ်​တော်​ယေ​ရှု​၌ ငါ​၏​လုပ်​ဖော်​ဆောင်​ဖက်​များ​ဖြစ်​ကြ​သည့် ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

4 သူ​တို့​သည် ငါ့​အ​သက်​ကို လည်​စင်း​ခံ​၍​စောင့်​ရှောက်​ပေး​သူ​များ​ဖြစ်​ကြ​၏။ ငါ​တစ်​ဦး​တည်း​သာ​မ​က လူ​မျိုး​ခြား​တို့​၏​အ​သင်း​တော်​အ​ပေါင်း​တို့​သည်​လည်း သူ​တို့​ကို ကျေး​ဇူး​တင်​လျက်​ရှိ​ကြ​၏။

5 သူ​တို့​အိမ်​၌​ရှိ​သော​အ​သင်း​တော်​ကို​လည်း နှုတ်​ဆက်​ပေး​ကြ​လော့။ အာ​ရှ​ပြည်​တွင် ခ​ရစ်​တော်​အ​တွက်​အ​သီး​ဦး​ဖြစ်​သူ ငါ​ချစ်​သော​ဧ​ပဲ​နက်​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

6 သင်​တို့​အ​တွက် အ​လွန်​ကြိုး​စား​လုပ်​ဆောင်​ခဲ့​သူ မာ​ရိ​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

7 ငါ​၏​အ​မျိုး​သား​ချင်း​ဖြစ်​ပြီး ငါ​နှင့်​အ​တူ​အ​ကျဉ်း​ချ​ခံ​ရ​သူ အန္ဒြော​နိတ်​နှင့်​ယု​နိ​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။ သူ​တို့​သည် တ​မန်​တော်​များ​ကြား​တွင် ထင်​ပေါ်​ကျော်​ကြား​သော​သူ​များ​ဖြစ်​ကြ​၍ ငါ့​ထက်​အ​လျင်​ဦး​စွာ ခ​ရစ်​တော်​ကို​ယုံ​ကြည်​သော​သူ​များ​လည်း ဖြစ်​ကြ​၏။