ရော​မ​ဩ​ဝါ​ဒ​စာ 16:10-16 MSB

10 ခ​ရစ်​တော်​၌ ယုံ​ကြည်​စိတ်​ချ​ရ​သူ အ​ပေ​လေ​ကို နှုတ်​ဆက်​ပေး​ကြ​လော့။ အာ​ရိတ္တော​ဗု​လု​၏​အိမ်​သူ​အိမ်​သား​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

11 ငါ​၏​အ​မျိုး​သား​ချင်း​ဟေ​ရော​ဒီ​အုံ​ကို နှုတ်​ဆက်​ပေး​ကြ​လော့။ သ​ခင်​ဘု​ရား​၌​ရှိ​သော နာ​ကိ​သု​၏​အိမ်​သူ​အိမ်​သား​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

12 သ​ခင်​ဘု​ရား​၌​ကြိုး​စား​လုပ်​ဆောင်​နေ​သူ တ​ရု​ဖဲ​န​နှင့်​တ​ရု​ဖော​သ​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။ သ​ခင်​ဘု​ရား​၌​အ​လွန်​ကြိုး​စား​လုပ်​ဆောင်​သူ ငါ​ချစ်​သော​ပေ​ရ​သိ​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

13 သ​ခင်​ဘု​ရား​၌​ရွေး​ကောက်​ခံ​ရ​သော​သူ ရု​ဖု​နှင့် ငါ​၏​မိ​ခင်​လည်း​ဖြစ်​သော သူ့​မိ​ခင်​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

14 အ​သုံ​က​ရိတ်၊ ဖ​လေ​ကုန်၊ ဟေ​ရ​မေ၊ ပတ်​ရော​ဘ၊ ဟေ​ရ​မ​မှ​စ​၍ သူ​တို့​နှင့်​အ​တူ​ရှိ​သော ညီ​အစ်​ကို​များ​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

15 ဖိ​လော​လုပ်၊ ယု​လိ၊ နေ​ရု၊ နေ​ရု​၏​နှ​မ​နှင့် ဩ​လုမ္ပ​မှ​စ​၍ သူ​တို့​နှင့်​အ​တူ​ရှိ​သော သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

16 အ​ချင်း​ချင်း​သန့်​ရှင်း​သော​အ​နမ်း​ဖြင့် နှုတ်​ဆက်​ကြ​လော့။ ခ​ရစ်​တော်​၏​အ​သင်း​တော်​အ​ပေါင်း​တို့​သည် သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။