ရော​မ​ဩ​ဝါ​ဒ​စာ 16:16-22 MSB

16 အ​ချင်း​ချင်း​သန့်​ရှင်း​သော​အ​နမ်း​ဖြင့် နှုတ်​ဆက်​ကြ​လော့။ ခ​ရစ်​တော်​၏​အ​သင်း​တော်​အ​ပေါင်း​တို့​သည် သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။

17 ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ယူ​ပြီး​သော​သွန်​သင်​ချက်​ကို​ဆန့်​ကျင်​၍ ကွဲ​ပြား​ခြင်း​နှင့်​မှား​ယွင်း​ခြင်း​တို့​ကို ဖြစ်​ပွား​စေ​သော​သူ​တို့​ကို​သ​တိ​ပြု​လျက် ရှောင်​ရှား​ကြ​ရန်​သင်​တို့​အား ငါ​တိုက်​တွန်း​နှိုး​ဆော်​၏။

18 အ​ကြောင်း​မူ​ကား ထို​သို့​သော​သူ​တို့​သည် ငါ​တို့​၏​သ​ခင်​ခ​ရစ်​တော်​ကို အ​စေ​မ​ခံ​ဘဲ မိ​မိ​တို့​၏​ဝမ်း​ဗိုက်​ကို​သာ အ​စေ​ခံ​၍ ချို​သာ​သော​စ​ကား​နှင့် မြှောက်​ပင့်​သော​စ​ကား​တို့​ဖြင့် ရိုး​စင်း​သော​သူ​တို့​၏​စိတ်​နှ​လုံး​ကို လှည့်​ဖြား​တတ်​ကြ​၏။

19 သင်​တို့​၏​နာ​ခံ​မှု​သည် လူ​အ​ပေါင်း​တို့​တွင် ကျော်​စော​သည်​ဖြစ်​၍ သင်​တို့​အ​တွက် ငါ​ဝမ်း​မြောက်​၏။ သို့​ရာ​တွင် သင်​တို့​သည် ကောင်း​သော​အ​မှု​၌ ပ​ညာ​ရှိ​ဖြစ်​ကြ​ပြီး မ​ကောင်း​သော​အ​မှု​၌ အ​ပြစ်​ကင်း​စင်​သော​သူ​ဖြစ်​ကြ​ရန် ငါ​အ​လို​ရှိ​၏။

20 ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည် မ​ကြာ​မီ​အ​တွင်း စာ​တန်​ကို သင်​တို့​၏​ခြေ​အောက်​၌ ကြေ​မွ​စေ​တော်​မူ​လိမ့်​မည်။ ငါ​တို့​သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​သည် သင်​တို့​နှင့်​အ​တူ​ရှိ​ပါ​စေ​သော။

21 ငါ​၏​လုပ်​ဖော်​ဆောင်​ဖက်​တိ​မော​သေ၊ ငါ့​အ​မျိုး​သား​ချင်း လု​ကိ၊ ယာ​သုန်​နှင့် သော​သိ​ပါ​တ​ရု​တို့​သည် သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။

22 ဤ​စာ​ကို​ရေး​ပေး​သူ အ​ကျွန်ုပ်​တေ​ရ​တိ​သည် သ​ခင်​ဘု​ရား​၌ သင်​တို့​ကို​နှုတ်​ဆက်​ပါ​၏။