ရော​မ​ဩ​ဝါ​ဒ​စာ 16:3-9 MSB

3 ခ​ရစ်​တော်​ယေ​ရှု​၌ ငါ​၏​လုပ်​ဖော်​ဆောင်​ဖက်​များ​ဖြစ်​ကြ​သည့် ပြစ်​ကိ​လ​နှင့်​အာ​ကု​လ​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

4 သူ​တို့​သည် ငါ့​အ​သက်​ကို လည်​စင်း​ခံ​၍​စောင့်​ရှောက်​ပေး​သူ​များ​ဖြစ်​ကြ​၏။ ငါ​တစ်​ဦး​တည်း​သာ​မ​က လူ​မျိုး​ခြား​တို့​၏​အ​သင်း​တော်​အ​ပေါင်း​တို့​သည်​လည်း သူ​တို့​ကို ကျေး​ဇူး​တင်​လျက်​ရှိ​ကြ​၏။

5 သူ​တို့​အိမ်​၌​ရှိ​သော​အ​သင်း​တော်​ကို​လည်း နှုတ်​ဆက်​ပေး​ကြ​လော့။ အာ​ရှ​ပြည်​တွင် ခ​ရစ်​တော်​အ​တွက်​အ​သီး​ဦး​ဖြစ်​သူ ငါ​ချစ်​သော​ဧ​ပဲ​နက်​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

6 သင်​တို့​အ​တွက် အ​လွန်​ကြိုး​စား​လုပ်​ဆောင်​ခဲ့​သူ မာ​ရိ​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

7 ငါ​၏​အ​မျိုး​သား​ချင်း​ဖြစ်​ပြီး ငါ​နှင့်​အ​တူ​အ​ကျဉ်း​ချ​ခံ​ရ​သူ အန္ဒြော​နိတ်​နှင့်​ယု​နိ​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။ သူ​တို့​သည် တ​မန်​တော်​များ​ကြား​တွင် ထင်​ပေါ်​ကျော်​ကြား​သော​သူ​များ​ဖြစ်​ကြ​၍ ငါ့​ထက်​အ​လျင်​ဦး​စွာ ခ​ရစ်​တော်​ကို​ယုံ​ကြည်​သော​သူ​များ​လည်း ဖြစ်​ကြ​၏။

8 သ​ခင်​ဘု​ရား​၌ ငါ​ချစ်​သော​အမ္ပ​လိ​ကို နှုတ်​ဆက်​ပေး​ကြ​လော့။

9 ခ​ရစ်​တော်​၌ ငါ​တို့​၏​လုပ်​ဖော်​ဆောင်​ဖက်​ဥ​ရ​ဗန်​နှင့် ငါ​ချစ်​သော​သ​တာ​ခု​တို့​ကို နှုတ်​ဆက်​ပေး​ကြ​လော့။