12 လူအပေါင်းတို့သည် လမ်းလွဲကြ၍ တညီတညွတ်တည်းအသုံးမကျသောသူများဖြစ်ကြပြီ။ ကောင်းသောအမှုကိုပြုသောသူမရှိ၊ တစ်ယောက်မျှမရှိ။
13 သူတို့၏လည်ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းတွင်းဖြစ်ကြ၏။ သူတို့သည် မိမိတို့လျှာဖြင့် လိမ်လည်ပြောဆိုတတ်ကြ၏။ သူတို့၏နှုတ်ခမ်းအောက်၌ မြွေဆိုး၏အဆိပ်အတောက်ရှိ၏။
14 သူတို့၏နှုတ်သည် ကျိန်ဆဲသောစကား၊ ခါးသီးသောစကားတို့ဖြင့် ပြည့်ဝလျက်ရှိကြ၏။
15 သူတို့၏ခြေသည် သွေးမြေကျစေရန် လျင်မြန်ကြ၏။
16 သူတို့သွားရာလမ်း၌ ပျက်စီးခြင်းနှင့်ဒုက္ခဆင်းရဲခြင်းရှိ၍
17 သူတို့သည် ငြိမ်းချမ်းရာလမ်းကိုမသိကြ။
18 သူတို့၏မျက်စိရှေ့တွင် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းမရှိ”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။