ရော​မ​ဩ​ဝါ​ဒ​စာ 3:25-31 MSB

25 ဘု​ရား​သ​ခင်​သည် မိ​မိ​၏​ဖြောင့်​မတ်​ခြင်း​ကို​ထင်​ရှား​စေ​ရန် ခ​ရစ်​တော်​ကို​ခန့်​ထား​၍ ယုံ​ကြည်​ခြင်း​အ​တွက် ခ​ရစ်​တော်​၏​သွေး​တော်​ကို အ​သ​နား​ခံ​ခြင်း​ပူ​ဇော်​သက္ကာ​ဖြစ်​စေ​တော်​မူ​၏။ တစ်​နည်း​ဆို​သော် ဘု​ရား​သ​ခင်​သည် သည်း​ခံ​တော်​မူ​ခြင်း​အား​ဖြင့် လွန်​ခဲ့​ပြီး​သော​အ​ပြစ်​များ​အ​တွက် အ​ပြစ်​မ​ယူ​ဘဲ​နေ​တော်​မူ​၏။

26 ဤ​သည်​ကား ယ​ခု​အ​ချိန်​အ​ခါ​၌ မိ​မိ​၏​ဖြောင့်​မတ်​ခြင်း​ကို ထင်​ရှား​စေ​ရန်​နှင့် ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ဖြောင့်​မတ်​သော​အ​ရှင်​ဖြစ်​တော်​မူ​ပြီး ယေ​ရှု​ကို​ယုံ​ကြည်​သော​သူ​အား ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​တော်​မူ​ရန်​ဖြစ်​၏။

27 သို့​ဖြစ်​လျှင် ဝါ​ကြွား​စ​ရာ​အ​ဘယ်​မှာ​ရှိ​သ​နည်း။ ၎င်း​သည် ဖယ်​ရှား​ခြင်း​ခံ​ရ​လေ​ပြီ။ မည်​သည့်​တ​ရား​အား​ဖြင့် ဖယ်​ရှား​သ​နည်း။ အ​ကျင့်​တ​ရား​အား​ဖြင့်​လော။ မ​ဟုတ်​ပေ။ ယုံ​ကြည်​ခြင်း​တ​ရား​အား​ဖြင့် ဖယ်​ရှား​၏။

28 အ​ကြောင်း​မူ​ကား လူ​သည် ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော​အ​ကျင့်​အား​ဖြင့်​မ​ဟုတ်​ဘဲ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​၏​ဟု ငါ​တို့​မှတ်​ယူ​ကြ​၏။

29 သို့​မ​ဟုတ် ဘု​ရား​သ​ခင်​သည် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရား​သာ ဖြစ်​တော်​မူ​သ​လော။ လူ​မျိုး​ခြား​တို့​၏​ဘု​ရား​လည်း ဖြစ်​တော်​မူ​သည်​မ​ဟုတ်​လော။ ဟုတ်​ပေ​၏။ လူ​မျိုး​ခြား​တို့​၏​ဘု​ရား​လည်း ဖြစ်​တော်​မူ​၏။

30 ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​ရေ​ဖျား​လှီး​ထား​သော​သူ​ကို ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​တော်​မူ​၍ အ​ရေ​ဖျား​မ​လှီး​သော​သူ​ကို​လည်း ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် အ​မှန်​ပင် တစ်​ဆူ​တည်း​ဖြစ်​တော်​မူ​၏။

31 သို့​ဖြစ်​လျှင် ငါ​တို့​သည် ယုံ​ကြည်​ခြင်း​ကြောင့် ပ​ညတ်​တ​ရား​ကို ပယ်​ဖျက်​ကြ​သ​လော။ လုံး​ဝ​မ​ပယ်​ဖျက်​ကြ။ ပ​ညတ်​တ​ရား​ကို တည်​မြဲ​တည်​စေ​ကြ​၏။