ရော​မ​ဩ​ဝါ​ဒ​စာ 3:28-31 MSB

28 အ​ကြောင်း​မူ​ကား လူ​သည် ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော​အ​ကျင့်​အား​ဖြင့်​မ​ဟုတ်​ဘဲ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​၏​ဟု ငါ​တို့​မှတ်​ယူ​ကြ​၏။

29 သို့​မ​ဟုတ် ဘု​ရား​သ​ခင်​သည် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရား​သာ ဖြစ်​တော်​မူ​သ​လော။ လူ​မျိုး​ခြား​တို့​၏​ဘု​ရား​လည်း ဖြစ်​တော်​မူ​သည်​မ​ဟုတ်​လော။ ဟုတ်​ပေ​၏။ လူ​မျိုး​ခြား​တို့​၏​ဘု​ရား​လည်း ဖြစ်​တော်​မူ​၏။

30 ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​ရေ​ဖျား​လှီး​ထား​သော​သူ​ကို ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​တော်​မူ​၍ အ​ရေ​ဖျား​မ​လှီး​သော​သူ​ကို​လည်း ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် အ​မှန်​ပင် တစ်​ဆူ​တည်း​ဖြစ်​တော်​မူ​၏။

31 သို့​ဖြစ်​လျှင် ငါ​တို့​သည် ယုံ​ကြည်​ခြင်း​ကြောင့် ပ​ညတ်​တ​ရား​ကို ပယ်​ဖျက်​ကြ​သ​လော။ လုံး​ဝ​မ​ပယ်​ဖျက်​ကြ။ ပ​ညတ်​တ​ရား​ကို တည်​မြဲ​တည်​စေ​ကြ​၏။