5 သို့ရာတွင် ငါတို့၏မတရားမှုသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေလျှင် မည်သို့ဆိုရမည်နည်း။ လူသားတစ်ဦးအနေဖြင့်ငါဆိုသော် အမျက်တော်ကိုသက်ရောက်စေတော်မူသောဘုရားသခင်သည် မဖြောင့်မတ်သောအရှင်ဖြစ်သလော။
6 လုံးဝမဟုတ်ပေ။ ဟုတ်လျှင်မူကား ဘုရားသခင်သည် ဤလောကကို မည်သို့တရားစီရင်တော်မူမည်နည်း။
7 သို့သော် ငါ၏လိမ်လည်ခြင်းအားဖြင့် ဘုရားသခင်၏သမ္မာတရားသည် ကိုယ်တော်၏ဘုန်းအသရေတော်အဖြစ်သို့ တိုးပွားလျှင် ငါသည် အဘယ်ကြောင့် အပြစ်သားတစ်ဦးအဖြစ် စီရင်ခြင်းကိုခံရသေးသနည်း။
8 “ကောင်းကျိုးသက်ရောက်စေရန် မကောင်းသောအမှုကို ပြုကြကုန်စို့”ဟု ဆို၍မရနိုင်သလော။ လူအချို့တို့က ထိုကဲ့သို့ငါတို့ပြောဆိုနေသည်ဟုဆိုလျက် ငါတို့ကို စော်ကားပြောဆိုကြ၏။ ထိုသူတို့သည် ပြစ်ဒဏ်စီရင်ခြင်းကို ခံထိုက်ကြ၏။
9 သို့ဖြစ်လျှင် မည်သို့နည်း။ ငါတို့သည် သာ၍ကောင်းမြတ်သလော။ လုံးဝမဟုတ်ပေ။ အကြောင်းမူကား ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ လူအပေါင်းတို့သည် အပြစ်တရားအောက်၌ရှိကြောင်း အထက်က ငါတို့ထောက်ပြခဲ့ပြီ။
10 ဤသည်ကား “ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျှမရှိ။
11 တတ်သိနားလည်သောသူမရှိ၊ ဘုရားသခင်ကိုရှာသောသူမရှိ။