ရော​မ​ဩ​ဝါ​ဒ​စာ 3:6-12 MSB

6 လုံး​ဝ​မ​ဟုတ်​ပေ။ ဟုတ်​လျှင်​မူ​ကား ဘု​ရား​သ​ခင်​သည် ဤ​လော​က​ကို မည်​သို့​တ​ရား​စီ​ရင်​တော်​မူ​မည်​နည်း။

7 သို့​သော် ငါ​၏​လိမ်​လည်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​၏​သမ္မာ​တ​ရား​သည် ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​အ​ဖြစ်​သို့ တိုး​ပွား​လျှင် ငါ​သည် အ​ဘယ်​ကြောင့် အ​ပြစ်​သား​တစ်​ဦး​အ​ဖြစ် စီ​ရင်​ခြင်း​ကို​ခံ​ရ​သေး​သ​နည်း။

8 “ကောင်း​ကျိုး​သက်​ရောက်​စေ​ရန် မ​ကောင်း​သော​အ​မှု​ကို ပြု​ကြ​ကုန်​စို့”​ဟု ဆို​၍​မ​ရ​နိုင်​သ​လော။ လူ​အ​ချို့​တို့​က ထို​ကဲ့​သို့​ငါ​တို့​ပြော​ဆို​နေ​သည်​ဟု​ဆို​လျက် ငါ​တို့​ကို စော်​ကား​ပြော​ဆို​ကြ​၏။ ထို​သူ​တို့​သည် ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို ခံ​ထိုက်​ကြ​၏။

9 သို့​ဖြစ်​လျှင် မည်​သို့​နည်း။ ငါ​တို့​သည် သာ​၍​ကောင်း​မြတ်​သ​လော။ လုံး​ဝ​မ​ဟုတ်​ပေ။ အ​ကြောင်း​မူ​ကား ဂျူး​လူ​မျိုး​ဖြစ်​စေ၊ ဂ​ရိ​လူ​မျိုး​ဖြစ်​စေ လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​တ​ရား​အောက်​၌​ရှိ​ကြောင်း အ​ထက်​က ငါ​တို့​ထောက်​ပြ​ခဲ့​ပြီ။

10 ဤ​သည်​ကား “ဖြောင့်​မတ်​သော​သူ​မ​ရှိ၊ တစ်​ယောက်​မျှ​မ​ရှိ။

11 တတ်​သိ​နား​လည်​သော​သူ​မ​ရှိ၊ ဘု​ရား​သ​ခင်​ကို​ရှာ​သော​သူ​မ​ရှိ။

12 လူ​အ​ပေါင်း​တို့​သည် လမ်း​လွဲ​ကြ​၍ တ​ညီ​တ​ညွတ်​တည်း​အ​သုံး​မ​ကျ​သော​သူ​များ​ဖြစ်​ကြ​ပြီ။ ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ​မ​ရှိ၊ တစ်​ယောက်​မျှ​မ​ရှိ။