ရော​မ​ဩ​ဝါ​ဒ​စာ 4:11-17 MSB

11 ဤ​သို့​ဖြင့် အာ​ဗြ​ဟံ​သည် အ​ရေ​ဖျား​မ​လှီး​မီ ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရ​ရှိ​သော ဖြောင့်​မတ်​ခြင်း​၏​တံ​ဆိပ်​အ​ဖြစ် အ​ရေ​ဖျား​လှီး​ခြင်း​၏​အ​မှတ်​လက္ခ​ဏာ​ကို​ခံ​ယူ​၏။ ဤ​သည်​ကား အာ​ဗြ​ဟံ​အား အ​ရေ​ဖျား​မ​လှီး​ဘဲ​ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​၏​အ​ဖ​ဖြစ်​စေ​ရန်​နှင့် ထို​သူ​တို့​သည်​လည်း ဖြောင့်​မတ်​ခြင်း​ကို​ရ​ရှိ​ကြ​စေ​ရန်​အ​တွက်​ဖြစ်​၏။

12 ထို့​ပြင် အာ​ဗြ​ဟံ​အား အ​ရေ​ဖျား​လှီး​ထား​သော​သူ​တို့​၏​အ​ဖ​ဖြစ်​စေ​ရန်​နှင့် အ​ရေ​ဖျား​လှီး​ထား​သော​သူ​သာ​မ​က​ဘဲ အ​ရေ​ဖျား​မ​လှီး​မီ​က​ပင် ငါ​တို့​အ​ဖ​အာ​ဗြ​ဟံ​၌​ရှိ​သော ယုံ​ကြည်​ခြင်း​ခြေ​ရာ​ကို လိုက်​လျှောက်​သော​သူ​တို့​၏​အ​ဖ​လည်း ဖြစ်​စေ​ရန်​အ​တွက်​ဖြစ်​၏။

13 ကမ္ဘာ​လော​က​ကို​အ​မွေ​ဆက်​ခံ​သူ​ဖြစ်​မည်​ဟု အာ​ဗြ​ဟံ သို့​မ​ဟုတ် သူ​၏​အ​မျိုး​အ​နွယ်​အား ပေး​တော်​မူ​သော​က​တိ​တော်​သည် ပ​ညတ်​တ​ရား​ကို​ထောက်​၍ ပေး​တော်​မူ​သည်​မ​ဟုတ်​ဘဲ ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော​ဖြောင့်​မတ်​ခြင်း​ကို​ထောက်​၍ ပေး​တော်​မူ​၏။

14 အ​ကြောင်း​မူ​ကား ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော​သူ​တို့​သည် အ​မွေ​ခံ​များ​ဖြစ်​ကြ​လျှင် ယုံ​ကြည်​ခြင်း​သည် အ​ချည်း​နှီး​ဖြစ်​သွား​၍ က​တိ​တော်​သည်​လည်း ပျက်​ပြယ်​သွား​လေ​ပြီ။

15 ပ​ညတ်​တ​ရား​သည် အ​မျက်​တော်​ကို​ဖြစ်​ပေါ်​စေ​၏။ သို့​သော် ပ​ညတ်​တ​ရား​မ​ရှိ​သော​နေ​ရာ​၌ ဖောက်​ဖျက်​ကျူး​လွန်​မှု​လည်း​မ​ရှိ။

16 ထို့​ကြောင့် က​တိ​တော်​သည် ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​၏။ ဤ​သည်​ကား ထို​က​တိ​တော်​ကို ကျေး​ဇူး​တော်​အား​ဖြင့်​ဖြစ်​စေ​၍ ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော​အ​မျိုး​အ​နွယ်​အ​တွက်​သာ​မ​က​ဘဲ အာ​ဗြ​ဟံ​၏​ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သည့်​အ​မျိုး​အ​နွယ်​အ​ပါ​အ​ဝင် အ​မျိုး​အ​နွယ်​ရှိ​သ​မျှ​တို့​အ​တွက် တည်​မြဲ​စေ​ရန်​ဖြစ်​၏။

17 “ငါ​သည် သင့်​ကို များ​စွာ​သော​လူ​မျိုး​တို့​၏​ဖ​ခင်​ဖြစ်​စေ​ပြီ”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း အာ​ဗြ​ဟံ​သည် မိ​မိ​ယုံ​ကြည်​သော​ဘု​ရား​သ​ခင်​တည်း​ဟူ​သော သေ​လွန်​သော​သူ​တို့​ကို​အ​သက်​ရှင်​စေ​၍ ဖြစ်​တည်​ခြင်း​မ​ရှိ​သည့်​အ​ရာ​များ​ကို​ဖြစ်​ပေါ်​လာ​စေ​ရန် အ​မိန့်​ပေး​နိုင်​သော​ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ငါ​တို့​အား​လုံး​၏​ဖ​ခင်​ဖြစ်​၏။