ရော​မ​ဩ​ဝါ​ဒ​စာ 4:13-19 MSB

13 ကမ္ဘာ​လော​က​ကို​အ​မွေ​ဆက်​ခံ​သူ​ဖြစ်​မည်​ဟု အာ​ဗြ​ဟံ သို့​မ​ဟုတ် သူ​၏​အ​မျိုး​အ​နွယ်​အား ပေး​တော်​မူ​သော​က​တိ​တော်​သည် ပ​ညတ်​တ​ရား​ကို​ထောက်​၍ ပေး​တော်​မူ​သည်​မ​ဟုတ်​ဘဲ ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော​ဖြောင့်​မတ်​ခြင်း​ကို​ထောက်​၍ ပေး​တော်​မူ​၏။

14 အ​ကြောင်း​မူ​ကား ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော​သူ​တို့​သည် အ​မွေ​ခံ​များ​ဖြစ်​ကြ​လျှင် ယုံ​ကြည်​ခြင်း​သည် အ​ချည်း​နှီး​ဖြစ်​သွား​၍ က​တိ​တော်​သည်​လည်း ပျက်​ပြယ်​သွား​လေ​ပြီ။

15 ပ​ညတ်​တ​ရား​သည် အ​မျက်​တော်​ကို​ဖြစ်​ပေါ်​စေ​၏။ သို့​သော် ပ​ညတ်​တ​ရား​မ​ရှိ​သော​နေ​ရာ​၌ ဖောက်​ဖျက်​ကျူး​လွန်​မှု​လည်း​မ​ရှိ။

16 ထို့​ကြောင့် က​တိ​တော်​သည် ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​၏။ ဤ​သည်​ကား ထို​က​တိ​တော်​ကို ကျေး​ဇူး​တော်​အား​ဖြင့်​ဖြစ်​စေ​၍ ပ​ညတ်​တ​ရား​နှင့်​ဆိုင်​သော​အ​မျိုး​အ​နွယ်​အ​တွက်​သာ​မ​က​ဘဲ အာ​ဗြ​ဟံ​၏​ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သည့်​အ​မျိုး​အ​နွယ်​အ​ပါ​အ​ဝင် အ​မျိုး​အ​နွယ်​ရှိ​သ​မျှ​တို့​အ​တွက် တည်​မြဲ​စေ​ရန်​ဖြစ်​၏။

17 “ငါ​သည် သင့်​ကို များ​စွာ​သော​လူ​မျိုး​တို့​၏​ဖ​ခင်​ဖြစ်​စေ​ပြီ”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း အာ​ဗြ​ဟံ​သည် မိ​မိ​ယုံ​ကြည်​သော​ဘု​ရား​သ​ခင်​တည်း​ဟူ​သော သေ​လွန်​သော​သူ​တို့​ကို​အ​သက်​ရှင်​စေ​၍ ဖြစ်​တည်​ခြင်း​မ​ရှိ​သည့်​အ​ရာ​များ​ကို​ဖြစ်​ပေါ်​လာ​စေ​ရန် အ​မိန့်​ပေး​နိုင်​သော​ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ငါ​တို့​အား​လုံး​၏​ဖ​ခင်​ဖြစ်​၏။

18 သူ​သည် မျှော်​လင့်​စ​ရာ​မ​ရှိ​သော​အ​ခြေ​အ​နေ​၌ မျှော်​လင့်​၍​ယုံ​ကြည်​သ​ဖြင့် “သင်​၏​အ​မျိုး​အ​နွယ်​သည် ဤ​သို့​ဖြစ်​လိမ့်​မည်”​ဟု မိန့်​မှာ​ခြင်း​ခံ​ခဲ့​ရ​သည့်​အ​တိုင်း များ​စွာ​သော​လူ​မျိုး​တို့​၏​ဖ​ခင်​ဖြစ်​လာ​၏။

19 သူ​သည် အ​သက်​တစ်​ရာ​ခန့်​ရှိ​၍ မိ​မိ​ကိုယ်​ခန္ဓာ​သည် သေ​သူ​ကဲ့​သို့​ဖြစ်​နေ​ကြောင်း​ကို​လည်း​ကောင်း၊ စာ​ရာ​၏​ဝမ်း​သည် သေ​နေ​ကြောင်း​ကို​လည်း​ကောင်း ဆင်​ခြင်​အောက်​မေ့​သော်​လည်း ယုံ​ကြည်​ခြင်း​၌ အား​နည်း​ခြင်း​မ​ရှိ။