ရော​မ​ဩ​ဝါ​ဒ​စာ 4:5-11 MSB

5 သို့​ရာ​တွင် လုပ်​ဆောင်​မှု​မ​ရှိ​သော်​လည်း ဘု​ရား​တ​ရား​မဲ့​သော​သူ​အား ဖြောင့်​မတ်​သည်​ဟု​အ​သိ​အ​မှတ်​ပြု​တော်​မူ​သော​အ​ရှင်​ကို ယုံ​ကြည်​သော​သူ​အ​တွက်​မူ​ကား ထို​ယုံ​ကြည်​ခြင်း​ကို သူ​၏​ဖြောင့်​မတ်​ခြင်း​အ​ဖြစ် သတ်​မှတ်​တော်​မူ​၏။

6 ထို့​အ​တူ ဒါ​ဝိဒ်​သည်​လည်း ဘု​ရား​သ​ခင်​က အ​ကျင့်​ကို​မ​ထောက်​ဘဲ ဖြောင့်​မတ်​သည်​ဟု​သတ်​မှတ်​တော်​မူ​သော​သူ​၏​မင်္ဂ​လာ​ကို ပြော​ဆို​ရာ​တွင်

7 “မိ​မိ​ပြု​သည့်​တ​ရား​မဲ့​သော​အ​မှု​များ​ခွင့်​လွှတ်​ခြင်း​ခံ​ရ​၍ မိ​မိ​အ​ပြစ်​များ​ဖုံး​အုပ်​ခြင်း​ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

8 ထာ​ဝ​ရ​ဘု​ရား​အ​ပြစ်​မ​ယူ​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏”​ဟု ဆို​၏။

9 သို့​ဖြစ်​လျှင် ဤ​မင်္ဂ​လာ​သည် အ​ရေ​ဖျား​လှီး​ထား​သော​သူ​အ​တွက်​သာ ဖြစ်​သ​လော။ သို့​မ​ဟုတ် အ​ရေ​ဖျား​မ​လှီး​သော​သူ​အ​တွက်​လည်း ဖြစ်​သ​လော။ “အာ​ဗြ​ဟံ​အ​တွက် သူ​၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​အ​ဖြစ် သတ်​မှတ်​တော်​မူ​၏”​ဟု ငါ​တို့​ဆို​ကြ​သော​အ​ခါ

10 မည်​သည့်​အ​ခြေ​အ​နေ​၌ ထို​သို့​သတ်​မှတ်​တော်​မူ​သ​နည်း။ အ​ရေ​ဖျား​လှီး​ထား​သည့်​အ​ခြေ​အ​နေ​၌​လော။ သို့​မ​ဟုတ် အ​ရေ​ဖျား​မ​လှီး​ထား​သည့်​အ​ခြေ​အ​နေ​၌​လော။ အ​ရေ​ဖျား​လှီး​ထား​သည့်​အ​ခြေ​အ​နေ​၌​မ​ဟုတ်​ဘဲ အ​ရေ​ဖျား​မ​လှီး​ထား​သည့်​အ​ခြေ​အ​နေ​၌ ထို​သို့​သတ်​မှတ်​တော်​မူ​၏။

11 ဤ​သို့​ဖြင့် အာ​ဗြ​ဟံ​သည် အ​ရေ​ဖျား​မ​လှီး​မီ ယုံ​ကြည်​ခြင်း​အား​ဖြင့်​ရ​ရှိ​သော ဖြောင့်​မတ်​ခြင်း​၏​တံ​ဆိပ်​အ​ဖြစ် အ​ရေ​ဖျား​လှီး​ခြင်း​၏​အ​မှတ်​လက္ခ​ဏာ​ကို​ခံ​ယူ​၏။ ဤ​သည်​ကား အာ​ဗြ​ဟံ​အား အ​ရေ​ဖျား​မ​လှီး​ဘဲ​ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​၏​အ​ဖ​ဖြစ်​စေ​ရန်​နှင့် ထို​သူ​တို့​သည်​လည်း ဖြောင့်​မတ်​ခြင်း​ကို​ရ​ရှိ​ကြ​စေ​ရန်​အ​တွက်​ဖြစ်​၏။