ရော​မ​ဩ​ဝါ​ဒ​စာ 7:1-7 MSB

1 ညီ​အစ်​ကို​တို့၊ ပ​ညတ်​တ​ရား​ကို​သိ​ထား​သော​သူ​တို့​အား ငါ​ဆို​သည်​ကား ပ​ညတ်​တ​ရား​သည် လူ​တစ်​ဦး​ကို ထို​သူ​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​၌​သာ ချုပ်​ကိုင်​ထား​သည်​ကို သင်​တို့​မ​သိ​ကြ​သ​လော။

2 ဥ​ပ​မာ​ဆို​သော် ကာ​မ​ပိုင်​ရှိ​သော​အ​မျိုး​သ​မီး​တစ်​ဦး​သည် ပ​ညတ်​တ​ရား​အ​ရ အ​သက်​ရှင်​နေ​သော​ခင်​ပွန်း​နှင့်​အ​နှောင်​အ​ဖွဲ့​ရှိ​၏။ ခင်​ပွန်း​သေ​လျှင်​မူ​ကား ခင်​ပွန်း​နှင့်​ပတ်​သက်​သော​ပ​ညတ်​တ​ရား​မှ ကင်း​လွတ်​၏။

3 သို့​ဖြစ်​၍ ခင်​ပွန်း​အ​သက်​ရှင်​နေ​စဉ် အ​ခြား​သော​ယောက်ျား​နှင့်​ပေါင်း​လျှင် ဖောက်​ပြန်​သော​မိန်း​မ​ဟု အ​ခေါ်​ခံ​ရ​လိမ့်​မည်။ ခင်​ပွန်း​သေ​ဆုံး​လျှင်​မူ​ကား ထို​ပ​ညတ်​တ​ရား​မှ ကင်း​လွတ်​သည်​ဖြစ်​၍ အ​ခြား​သော​ယောက်ျား​နှင့်​ပေါင်း​သော်​လည်း ဖောက်​ပြန်​သော​မိန်း​မ​မ​ဟုတ်​ပေ။

4 ထို​နည်း​တူ ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​လည်း ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ​အား​ဖြင့် ပ​ညတ်​တ​ရား​အ​ရာ​၌ သေ​ဆုံး​ခဲ့​ကြ​ပြီ။ ဤ​သည်​ကား သင်​တို့​သည် အ​ခြား​သူ​တည်း​ဟူ​သော သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​တော်​မူ​သော​အ​ရှင်​နှင့် သက်​ဆိုင်​သော​သူ​များ​ဖြစ်​လာ​ကြ​ပြီး ဘု​ရား​သ​ခင်​အ​တွက် အ​သီး​များ​ဖြစ်​ထွန်း​စေ​ရန်​ဖြစ်​၏။

5 အ​ကြောင်း​မူ​ကား ငါ​တို့​သည် သွေး​သား​ဇာ​တိ​၌​တည်​လျက်​ရှိ​စဉ်​က ပ​ညတ်​တ​ရား​ကြောင့်​ဖြစ်​ပေါ်​လာ​သည့် ပြင်း​ပြ​သော​အ​ပြစ်​ပြု​လို​စိတ်​သည် ငါ​တို့​၏​ကိုယ်အင်္ဂါ​များ​၌ သက်​ဝင်​လှုပ်​ရှား​နေ​သ​ဖြင့် သေ​ခြင်း​အ​တွက် အ​သီး​များ​ဖြစ်​ထွန်း​စေ​၏။

6 သို့​သော် ယ​ခု​အ​ခါ ငါ​တို့​သည် ငါ​တို့​ကို​ချုပ်​နှောင်​ထား​သော​ပ​ညတ်​တ​ရား​အ​ရာ​၌ သေ​ဆုံး​ခဲ့​ပြီး ပ​ညတ်​တ​ရား​မှ ကင်း​လွတ်​ခွင့်​ရ​ကြ​ပြီ​ဖြစ်​၍ အက္ခ​ရာ​တင်​ထား​သော​တ​ရား​၏​နည်း​လမ်း​ဟောင်း​အား​ဖြင့်​မ​ဟုတ်​ဘဲ ဝိ​ညာဉ်​တော်​၏​နည်း​လမ်း​သစ်​အား​ဖြင့် အ​စေ​ခံ​လျက်​ရှိ​ကြ​၏။

7 သို့​ဖြစ်​လျှင် မည်​သို့​ဆို​ရ​မည်​နည်း။ ပ​ညတ်​တ​ရား​သည် အ​ပြစ်​လော။ လုံး​ဝ​မ​ဟုတ်​ပေ။ သို့​သော် ပ​ညတ်​တ​ရား​အား​ဖြင့်​မ​ဟုတ်​လျှင် အ​ပြစ်​ကို ငါ​သိ​ခဲ့​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော် “တပ်​မက်​သော​စိတ်​မ​ရှိ​ရ”​ဟု ပ​ညတ်​တ​ရား​က မ​ဆို​ထား​လျှင် တပ်​မက်​ခြင်း​ကို ငါ​သိ​ခဲ့​မည်​မ​ဟုတ်။