ရော​မ​ဩ​ဝါ​ဒ​စာ 7:18-24 MSB

18 ငါ့​အ​ထဲ​၌ တစ်​နည်း​အား​ဖြင့် ငါ​၏​သွေး​သား​ဇာ​တိ​ထဲ​၌ ကောင်း​သော​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ ကိန်း​အောင်း​နေ​ခြင်း​မ​ရှိ​ကြောင်း ငါ​သိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ကောင်း​သော​အ​မှု​ကို​ပြု​လို​သော​ဆန္ဒ​သည် ငါ​၌​ရှိ​သော်​လည်း ၎င်း​ကို ပြု​နိုင်​စွမ်း​မ​ရှိ။

19 အ​ကြောင်း​မူ​ကား ငါ​သည် ကိုယ်​ပြု​လို​သည့် ကောင်း​သော​အ​မှု​ကို​မ​ပြု​ဘဲ မ​ပြု​လို​သည့် မ​ကောင်း​သော​အ​မှု​ကို ပြု​နေ​၏။

20 သို့​သော် ကိုယ်​မ​ပြု​လို​သော​အ​ရာ​ကို ငါ​ပြု​နေ​သည်​ဆို​လျှင် ၎င်း​ကို ငါ​ကိုယ်​တိုင်​ပြု​သည်​မ​ဟုတ်​တော့​ဘဲ ငါ့​အ​ထဲ​၌​ကိန်း​အောင်း​နေ​သော​အ​ပြစ်​က ပြု​ခြင်း​ဖြစ်​၏။

21 သို့​ဖြစ်​၍ ကောင်း​သော​အ​မှု​ကို​ပြု​လို​သော​ငါ​၌ မ​ကောင်း​သော​အ​မှု​ရှိ​နေ​သည်​ဟူ​သော​သ​ဘော​တ​ရား​ကို ငါ​တွေ့​၏။

22 တစ်​နည်း​ဆို​သော် ငါ​သည် အ​တွင်း​ဝိ​ညာဉ်​လူ​အား​ဖြင့် ဘု​ရား​သ​ခင်​၏​တ​ရား​တော်​၌ နှစ်​သက်​ဝမ်း​မြောက်​လျက်​ရှိ​သော်​လည်း

23 ငါ​၏​ကိုယ်အင်္ဂါ​များ​၌ အ​ခြား​သော​တ​ရား​ရှိ​၍ ၎င်း​တို့​သည် ငါ့​စိတ်​နှ​လုံး​၏​တ​ရား​နှင့် တိုက်​ခိုက်​လျက်​နေ​သ​ဖြင့် ငါ​၏​ကိုယ်အင်္ဂါ​များ​၌​ရှိ​သည့် အ​ပြစ်​နှင့်​ဆိုင်​သော​တ​ရား​အား​ဖြင့် ငါ့​ကို​ဖမ်း​ဆီး​ချုပ်​နှောင်​ထား​သည်​ကို ငါ​မြင်​၏။

24 ငါ​သည် အ​လွန်​စိတ်​ပျက်​ဖွယ်​ကောင်း​သော​သူ​ဖြစ်​ပေ​၏။ မည်​သူ​သည် သေ​ခြင်း​နှင့်​ဆိုင်​သော ဤ​ကိုယ်​ခန္ဓာ​မှ ငါ့​ကို ကယ်​နုတ်​မည်​နည်း။