ရော​မ​ဩ​ဝါ​ဒ​စာ 7:21-25 MSB

21 သို့​ဖြစ်​၍ ကောင်း​သော​အ​မှု​ကို​ပြု​လို​သော​ငါ​၌ မ​ကောင်း​သော​အ​မှု​ရှိ​နေ​သည်​ဟူ​သော​သ​ဘော​တ​ရား​ကို ငါ​တွေ့​၏။

22 တစ်​နည်း​ဆို​သော် ငါ​သည် အ​တွင်း​ဝိ​ညာဉ်​လူ​အား​ဖြင့် ဘု​ရား​သ​ခင်​၏​တ​ရား​တော်​၌ နှစ်​သက်​ဝမ်း​မြောက်​လျက်​ရှိ​သော်​လည်း

23 ငါ​၏​ကိုယ်အင်္ဂါ​များ​၌ အ​ခြား​သော​တ​ရား​ရှိ​၍ ၎င်း​တို့​သည် ငါ့​စိတ်​နှ​လုံး​၏​တ​ရား​နှင့် တိုက်​ခိုက်​လျက်​နေ​သ​ဖြင့် ငါ​၏​ကိုယ်အင်္ဂါ​များ​၌​ရှိ​သည့် အ​ပြစ်​နှင့်​ဆိုင်​သော​တ​ရား​အား​ဖြင့် ငါ့​ကို​ဖမ်း​ဆီး​ချုပ်​နှောင်​ထား​သည်​ကို ငါ​မြင်​၏။

24 ငါ​သည် အ​လွန်​စိတ်​ပျက်​ဖွယ်​ကောင်း​သော​သူ​ဖြစ်​ပေ​၏။ မည်​သူ​သည် သေ​ခြင်း​နှင့်​ဆိုင်​သော ဤ​ကိုယ်​ခန္ဓာ​မှ ငါ့​ကို ကယ်​နုတ်​မည်​နည်း။

25 သို့​သော် ငါ​တို့​၏​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။ ဤ​သို့​ဖြင့် ငါ​သည် မိ​မိ​စိတ်​နှ​လုံး​အား​ဖြင့် ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို အ​စေ​ခံ​လျက်​ရှိ​သော်​လည်း သွေး​သား​ဇာ​တိ​အား​ဖြင့် အ​ပြစ်​နှင့်​ဆိုင်​သော​တ​ရား​ကို အ​စေ​ခံ​လျက်​ရှိ​၏။