21 ဖန်ဆင်းခံလောကကိုယ်တိုင် ပျက်စီးခြင်း၏အနှောင်အဖွဲ့မှ လွတ်မြောက်၍ ဘုရားသခင့်သားသမီးများ၏ဘုန်းအသရေနှင့်ပြည့်စုံသော လွတ်လပ်ခြင်းသို့ဝင်စားခွင့်ရမည်ဟူသည့် မျှော်လင့်ခြင်းရှိသောကြောင့်ဖြစ်၏။
22 ဖန်ဆင်းခံလောကတစ်ခုလုံးသည် ယခုတိုင်အောင် အတူတကွညည်းတွားလျက် အတူတကွသားဖွားခြင်းဝေဒနာကိုခံစားလျက်ရှိကြောင်း ငါတို့သိကြ၏။
23 ထိုမျှမက ဝိညာဉ်တော်၏အသီးဦးကိုရရှိသော ငါတို့ကိုယ်တိုင်သည်လည်း သားသမီးအရာကိုရခြင်းတည်းဟူသော ငါတို့၏ကိုယ်ခန္ဓာရွေးနုတ်ခံရခြင်းကို စောင့်မျှော်လျက် စိတ်နှလုံးထဲ၌ ညည်းတွားနေကြ၏။
24 ငါတို့သည် ဤမျှော်လင့်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၏။ သို့သော် မြင်နေရသောမျှော်လင့်ခြင်းသည် မျှော်လင့်ခြင်းမဟုတ်။ အကြောင်းမှာ မည်သူသည် မြင်နေသောအရာကို ဆက်၍မျှော်လင့်မည်နည်း။
25 မမြင်သေးသောအရာကို ငါတို့မျှော်လင့်ကြလျှင်မူကား ထိုအရာကို သည်းခံသောစိတ်နှင့်စောင့်မျှော်ကြ၏။
26 ထိုနည်းတူ ဝိညာဉ်တော်သည်လည်း ငါတို့၏အားနည်းခြင်းကို ဖေးမကူညီပေးတော်မူ၏။ ငါတို့သည် ဆုတောင်းသင့်သည့်အတိုင်း မည်သို့ဆုတောင်းရမည်ကို မသိကြ။ သို့သော် ဝိညာဉ်တော်ကိုယ်တော်တိုင် စကားဖြင့်ဖော်ပြ၍မရနိုင်သော ညည်းတွားသံများဖြင့် ငါတို့အတွက် အသနားခံပေးတော်မူ၏။
27 စိတ်နှလုံးတို့ကိုစူးစမ်းတော်မူသောအရှင်သည်လည်း ဝိညာဉ်တော်၏စိတ်သဘောကို သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် ဘုရားသခင်၏အလိုတော်နှင့်အညီ သန့်ရှင်းသူများအတွက် အသနားခံပေးတော်မူ၏။