ရော​မ​ဩ​ဝါ​ဒ​စာ 8:8-14 MSB

8 ထို့​ကြောင့် သွေး​သား​ဇာ​တိ​အား​ဖြင့်​အ​သက်​ရှင်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​မ​နှစ်​သက်​စေ​နိုင်​ကြ။

9 သို့​သော် ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ​၌​ကိန်း​ဝပ်​တော်​မူ​လျှင် သင်​တို့​သည် သွေး​သား​ဇာ​တိ​၌​မ​ဟုတ်​ဘဲ ဝိ​ညာဉ်​တော်​၌​ရှိ​ကြ​၏။ ခ​ရစ်​တော်​၏​ဝိ​ညာဉ်​တော်​ကို​မ​ရ​သော​သူ​သည် ခ​ရစ်​တော်​နှင့်​မ​ဆိုင်။

10 သို့​ရာ​တွင် ခ​ရစ်​တော်​သည် သင်​တို့​အ​ထဲ​၌​ရှိ​တော်​မူ​လျှင် ကိုယ်​ခန္ဓာ​သည် အ​ပြစ်​ကြောင့် သေ​နေ​သော်​လည်း ဝိ​ညာဉ်​သည် ဖြောင့်​မတ်​ခြင်း​ကြောင့် အ​သက်​ရှင်​လျက်​ရှိ​၏။

11 ထို​မျှ​မ​က ယေ​ရှု​ကို သေ​သော​သူ​တို့​ထဲ​မှ ထ​မြောက်​စေ​တော်​မူ​သော​ဘု​ရား​ရှင်​၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ​၌​ကိန်း​ဝပ်​တော်​မူ​လျှင် ခ​ရစ်​တော်​ကို သေ​သော​သူ​တို့​ထဲ​မှ​ထ​မြောက်​စေ​တော်​မူ​သော​ဘု​ရား​ရှင်​သည် သင်​တို့​အ​ထဲ​၌​တည်​နေ​သော မိ​မိ​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် သေ​တတ်​သော သင်​တို့​၏​ကိုယ်​ခန္ဓာ​ကို​လည်း အ​သက်​ရှင်​စေ​တော်​မူ​လိမ့်​မည်။

12 သို့​ဖြစ်​၍ ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် သွေး​သား​ဇာ​တိ​အ​လို​အ​တိုင်း​အ​သက်​ရှင်​ရန် သွေး​သား​ဇာ​တိ​အ​ပေါ် တာ​ဝန်​ရှိ​သည်​မ​ဟုတ်။

13 အ​ဘယ်​ကြောင့်​ဆို​သော် သင်​တို့​သည် သွေး​သား​ဇာ​တိ​အ​လို​အ​တိုင်း​အ​သက်​ရှင်​လျှင် သေ​ရ​ကြ​မည်။ သို့​သော် ဝိ​ညာဉ်​တော်​အား​ဖြင့် ကိုယ်​ခန္ဓာ​၏​လုပ်​ဆောင်​မှု​များ​ကို​သေ​စေ​လျှင် သင်​တို့​သည် အ​သက်​ရှင်​ကြ​လိမ့်​မည်။

14 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ရှေ့​ဆောင်​လမ်း​ပြ​မှု​ကို ခံ​ယူ​သ​မျှ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ်​ကြ​၏။