ရော​မ​ဩ​ဝါ​ဒ​စာ 9:14-20 MSB

14 သို့​ဖြစ်​လျှင် ငါ​တို့​သည် မည်​သို့​ဆို​ရ​မည်​နည်း။ ဘု​ရား​သ​ခင်​၌ မ​တ​ရား​မှု​ရှိ​သ​လော။ လုံး​ဝ​မ​ရှိ​ပေ။

15 အ​ဘယ်​ကြောင့်​ဆို​သော် ဘု​ရား​သ​ခင်​သည် မော​ရှေ​အား “ငါ​သည် သ​နား​လို​သော​သူ​ကို​သ​နား​၍ သက်​ညှာ​လို​သော​သူ​ကို သက်​ညှာ​မည်”​ဟု မိန့်​တော်​မူ​၏။

16 ထို့​ကြောင့် ဤ​အ​ရာ​သည် လူ​၏​အ​လို​ဆန္ဒ​အ​ပေါ်​၌​လည်း​ကောင်း၊ ကြိုး​စား​အား​ထုတ်​မှု​အ​ပေါ်​၌​လည်း​ကောင်း မ​မူ​တည်​ဘဲ က​ရု​ဏာ​ထား​တော်​မူ​သော​ဘု​ရား​သ​ခင်​အ​ပေါ်​၌​သာ မူ​တည်​၏။

17 အ​ကြောင်း​မူ​ကား ကျမ်း​စာ​၌ ဖာ​ရော​ဘု​ရင်​အား “သင့်​ကို ငါ​ချီး​မြှောက်​ခြင်း​မှာ သင်​၌ ငါ့​တန်​ခိုး​ကို​ပြ​သ​၍ ကမ္ဘာ​မြေ​တစ်​ဝန်း​လုံး​တွင် ငါ​၏​နာ​မ​ကို ကျော်​ကြား​စေ​ရန်​ဖြစ်​၏”​ဟု ဆို​ထား​၏။

18 ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် သ​နား​လို​သော​သူ​ကို သ​နား​တော်​မူ​၍ ခေါင်း​မာ​စေ​လို​သော​သူ​ကို ခေါင်း​မာ​စေ​တော်​မူ​၏။

19 ထို​အ​ခါ သင်​က “သို့​ဖြစ်​လျှင် ဘု​ရား​သ​ခင်​သည် လူ​တို့​ကို အ​ဘယ်​ကြောင့် အ​ပြစ်​တင်​တော်​မူ​သေး​သ​နည်း။ မည်​သူ​သည် ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို ဆန့်​ကျင်​နိုင်​မည်​နည်း”​ဟု ငါ့​အား မေး​မြန်း​လိမ့်​မည်။

20 သို့​သော် အ​ချင်း​လူ၊ သင်​သည် မည်​သူ​ဖြစ်​၍ ဘု​ရား​သ​ခင်​ကို ပြန်​ခံ​ပြော​ဆို​သ​နည်း။ ပုံ​သွင်း​ခံ​ရ​သော​အ​ရာ​သည် ပုံ​သွင်း​ပေး​သော​သူ​အား “အ​ဘယ်​ကြောင့် ငါ့​ကို ဤ​သို့​ပြု​လုပ်​ခဲ့​သ​နည်း”​ဟု ပြော​ဆို​နိုင်​ပါ​မည်​လော။