29 ထို့ပြင် ဟေရှာယက “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့အတွက် အမျိုးအနွယ်ကိုချန်ထားတော်မမူလျှင် ငါတို့သည် သောဒုံမြို့ကဲ့သို့ဖြစ်ခဲ့၍ ဂေါမောရမြို့နှင့်တူခဲ့ကြပေလိမ့်မည်”ဟု ကြိုတင်ပြောထားသည့်အတိုင်းဖြစ်၏။
30 သို့ဖြစ်လျှင် ငါတို့သည် မည်သို့ဆိုရမည်နည်း။ ဖြောင့်မတ်ခြင်းကိုရရှိရန် မကြိုးစားသောလူမျိုးခြားတို့သည် ဖြောင့်မတ်ခြင်းကိုခံယူရရှိကြ၏။ တစ်နည်းဆိုသော် ယုံကြည်ခြင်းအားဖြင့်ရရှိသော ဖြောင့်မတ်ခြင်းဖြစ်၏။
31 သို့ရာတွင် ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည့်တရားကို ရရှိရန်ကြိုးစားသောအစ္စရေးလူမျိုးတို့သည် ထိုတရားသို့မပေါက်ရောက်ကြ။
32 အဘယ်ကြောင့် မပေါက်ရောက်သနည်း။ ယုံကြည်ခြင်းအားဖြင့်မဟုတ်ဘဲ အကျင့်အားဖြင့်ရရှိနိုင်သကဲ့သို့ ကြိုးစားသောကြောင့်ဖြစ်၏။ သူတို့သည် ခလုတ်တံသင်းဖြစ်သောကျောက်ကို တိုက်မိကြပြီ။
33 ဤသည်ကား “ကြည့်ရှုလော့။ ခလုတ်တံသင်းဖြစ်သောကျောက်၊ မှားယွင်းစေသောကျောက်ကို ဇိအုန်၌ ငါချထား၏။ ထိုကျောက်ကိုယုံကြည်သောသူသည် အရှက်ရလိမ့်မည်မဟုတ်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။