ရော​မ​ဩ​ဝါ​ဒ​စာ 9:7-13 MSB

7 အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ်​ဖြစ်​သော​ကြောင့် အား​လုံး​သည် သား​သ​မီး​များ​ဖြစ်​ကြ​သည်​မ​ဟုတ်။ “ဣ​ဇက်​မှ​ဆင်း​သက်​သော​သူ​သည် သင်​၏​အ​မျိုး​အ​နွယ်​ဟူ​၍ ခေါ်​ဝေါ်​ခြင်း​ခံ​ရ​လိမ့်​မည်”​ဟု အ​မိန့်​တော်​ရှိ​၏။

8 ဆို​လို​သည်​ကား သွေး​သား​နှင့်​ဆိုင်​သော​သား​သ​မီး​များ​သည် ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​မ​ဟုတ်​ဘဲ က​တိ​တော်​နှင့်​ဆိုင်​သော​သား​သ​မီး​များ​သာ​လျှင် အ​မျိုး​အ​နွယ်​အ​ဖြစ်​သတ်​မှတ်​ခြင်း​ခံ​ရ​၏။

9 အ​ဘယ်​ကြောင့်​ဆို​သော် က​တိ​တော်​စ​ကား​မှာ “ဤ​သို့​သော​အ​ချိန်​အ​ခါ​တွင် ငါ​လာ​ခဲ့​ဦး​မည်။ စာ​ရာ​သည်​လည်း သား​တစ်​ဦး​ကို​ရ​ရှိ​လိမ့်​မည်”​ဟူ​၍ ဖြစ်​၏။

10 ထို​မျှ​မ​က ရေ​ဗက္ကာ​သည်​လည်း ငါ​တို့​၏​ရှေး​ဘိုး​ဘေး​ဣ​ဇက်​တစ်​ဦး​တည်း​နှင့်​ပင်​စုံ​ဖက်​၍ ကိုယ်​ဝန်​ရ​ရှိ​သော​အ​ခါ

11 သား​တို့​မ​မွေး​ဖွား​မီ၊ ထို​သား​တို့​သည် အ​ကောင်း​အ​ဆိုး​ကို​မ​ပြု​ကျင့်​မီ​က​ပင် ဘု​ရား​သ​ခင်​၏​ရွေး​ကောက်​ခြင်း​နှင့်​ဆိုင်​သော အ​ကြံ​အ​စည်​တော်​သည် အ​ကျင့်​အား​ဖြင့်​မ​ဟုတ်​ဘဲ ခေါ်​ယူ​တော်​မူ​သော​သူ​အား​ဖြင့် တည်​စေ​ရန်

12 “အ​ကြီး​သည် အ​ငယ်​ကို အ​စေ​ခံ​ရ​လိမ့်​မည်”​ဟု ရေ​ဗက္ကာ​အား မိန့်​တော်​မူ​၏။

13 “ယာ​ကုပ်​ကို ငါ​ချစ်​၏။ ဧ​သော​ကို​မူ​ကား ငါ​မုန်း​၏”​ဟု ကျမ်း​စာ​၌​ရေး​ထား​သည့်​အ​တိုင်း​ဖြစ်​၏။