ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 12:5-11 MSB

5 ထို​သို့​သော​သူ​နှင့်​ပတ်​သက်​၍ ငါ​ဝါ​ကြွား​မည်။ ငါ​နှင့်​ပတ်​သက်​၍​မူ​ကား ငါ​၏​အား​နည်း​ခြင်း​အ​ကြောင်း​မှ​တစ်​ပါး ဝါ​ကြွား​ခြင်း​ကို ငါ​မ​ပြု။

6 ငါ​သည် ဝါ​ကြွား​ရန်​အ​လို​ရှိ​လျှင်​လည်း အ​မှန်​ကို​သာ​ပြော​မည်​ဖြစ်​၍ မိုက်​မဲ​သော​သူ​ဖြစ်​မည်​မ​ဟုတ်။ သို့​သော် မည်​သူ​မျှ ငါ့​ကို​မြင်​ရ​သည်​ထက် သို့​မ​ဟုတ် ငါ့​အ​ကြောင်း​ကို ကြား​ရ​သည်​ထက်​ပို​၍ ငါ့​ကို​မ​ထင်​မြင်​မိ​စေ​ရန် ငါ​မ​ဝါ​ကြွား​ဘဲ​နေ​မည်။

7 ငါ​ခံ​ရ​သော​ဗျာ​ဒိတ်​တော်​သည် အ​လွန်​ထူး​မြတ်​သော​ကြောင့် ငါ​မ​ထောင်​လွှား​စေ​ရန် ငါ​၏​ကိုယ်​ကာ​ယ​ထဲ​၌ ဆူး​တစ်​ခု​ကို​ပေး​၏။ ၎င်း​မှာ ငါ​မ​ထောင်​လွှား​စေ​ရန် ငါ့​ကို​ထိုး​နှက်​သည့် စာ​တန်​၏​စေ​တ​မန်​ဖြစ်​၏။

8 ဤ​ကိစ္စ​နှင့်​ပတ်​သက်​၍ ၎င်း​ကို ငါ့​ထံ​မှ​ဖယ်​ရှား​ပေး​ပါ​မည့်​အ​ကြောင်း သ​ခင်​ဘု​ရား​ထံ သုံး​ကြိမ်​တိုင်​တိုင် ငါ​တောင်း​လျှောက်​ခဲ့​၏။

9 သို့​သော် ကိုယ်​တော်​က “ငါ​၏​ကျေး​ဇူး​တော်​သည် သင့်​အ​တွက်​လုံ​လောက်​ပေ​၏။ အ​ကြောင်း​မူ​ကား ငါ​၏​တန်​ခိုး​သည် အား​နည်း​ခြင်း​အ​ဖြစ်​၌ ပြည့်​စုံ​တတ်​၏”​ဟု ငါ့​အား မိန့်​တော်​မူ​၏။ ထို့​ကြောင့် ခ​ရစ်​တော်​၏​တန်​ခိုး​သည် ငါ့​အ​ပေါ်​တည်​နေ​မည့်​အ​ကြောင်း ငါ​သည် ငါ​၏​အား​နည်း​ခြင်း​၌ သာ​၍​ဝမ်း​မြောက်​စွာ​ဝါ​ကြွား​မည်။

10 သို့​ဖြစ်​၍ ခ​ရစ်​တော်​ကြောင့် ငါ​ခံ​ရ​သော အား​နည်း​ခြင်း၊ စော်​ကား​ခြင်း၊ ခက်​ခဲ​ကျပ်​တည်း​ခြင်း၊ ညှဉ်း​ဆဲ​ခြင်း​နှင့် နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​တို့​ကို ငါ​နှစ်​သက်​၏။ အ​ကြောင်း​မူ​ကား ငါ​သည် အား​နည်း​သော​အ​ခါ တန်​ခိုး​နှင့်​ပြည့်​စုံ​လျက်​ရှိ​၏။

11 ငါ​သည် မိုက်​မဲ​သော​သူ​ဖြစ်​ခဲ့​လေ​ပြီ။ သင်​တို့​သည် ငါ့​ကို အ​တင်း​အ​ကျပ် ထို​သို့​ဖြစ်​စေ​ကြ​၏။ အ​မှန်​စင်​စစ် ငါ​သည် သင်​တို့​၏​ထောက်​ခံ​ချီး​ကျူး​မှု​ကို ခံ​ထိုက်​၏။ အ​ကြောင်း​မူ​ကား ငါ​သည် မ​ပြော​ပ​လောက်​သော​သူ​ဖြစ်​သော်​လည်း ထိပ်​တန်း​တ​မန်​တော်​များ​ထက် အ​နည်း​ငယ်​မျှ​မ​ညံ့​ပေ။