ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 4 MSB

ကောင်း​မြတ်​သော​သ​တင်း​၏​အ​လင်း

1 ထို့​ကြောင့် ငါ​တို့​သည် က​ရု​ဏာ​တော်​ကို​ခံ​စား​ရ​လျက် ဤ​အ​မှု​တော်​ကို​ဆောင်​ရွက်​ရ​သည်​ဖြစ်​၍ စိတ်​ပျက်​အား​လျော့​ခြင်း​မ​ရှိ​ကြ​ချေ။

2 ငါ​တို့​သည် ကွယ်​ဝှက်​ထား​သည့် ရှက်​ဖွယ်​ရာ​များ​ကို​စွန့်​ပယ်​၍ ပ​ရိ​ယာယ်​၌​ကျင်​လည်​ခြင်း၊ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို မ​လိမ့်​တ​ပတ်​လုပ်​ခြင်း​တို့​မ​ရှိ​ဘဲ သမ္မာ​တ​ရား​ကို အ​တိ​အ​လင်း​ဖော်​ပြ​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ လူ​အ​ပေါင်း​တို့​၏​အ​သိ​စိတ်​တွင် မိ​မိ​တို့​ကိုယ်​ကို​ထင်​ရှား​စေ​ကြ​၏။

3 ငါ​တို့​ဟော​ပြော​သည့် ကောင်း​မြတ်​သော​သ​တင်း​သည် ဖုံး​အုပ်​ခြင်း​ခံ​ရ​သည်​ဆို​လျှင် ပျက်​စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​၌​သာ ဖုံး​အုပ်​ခြင်း​ခံ​ရ​၏။

4 ထို​သူ​တို့​နှင့်​ပတ်​သက်​၍​ပြော​ရ​လျှင် ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​ဖြစ်​သော ခ​ရစ်​တော်​၏​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သည့် ကောင်း​မြတ်​သော​သ​တင်း​၏​အ​လင်း​ရောင်​ကို​မ​မြင်​စေ​ရန် ဤ​လော​က​၏​ဘု​ရား​သည် မ​ယုံ​ကြည်​သော​သူ​တို့​၏​စိတ်​နှ​လုံး​ကို ကွယ်​စေ​၏။

5 အ​ကြောင်း​မူ​ကား ငါ​တို့​သည် မိ​မိ​တို့​အ​ကြောင်း​ကို ဟော​ပြော​ကြ​သည်​မ​ဟုတ်​ဘဲ ယေ​ရှု​ခ​ရစ်​တော်​သည် အ​ရှင်​သ​ခင်​ဖြစ်​ကြောင်း​ကို ဟော​ပြော​ကြ​၏။ ငါ​တို့​ကိုယ်​တိုင်​မူ​ကား ယေ​ရှု​အ​တွက် သင်​တို့​၏​အ​စေ​အ​ပါး​များ​ဖြစ်​ကြ​၏။

6 “အ​မှောင်​ထဲ​မှ အ​လင်း​ထွန်း​လင်း​စေ”​ဟု မိန့်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ယေ​ရှု​ခ​ရစ်​တော်​၏​မျက်​နှာ​တော်​၌​ထွန်း​လင်း​သည့် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​သိ​သော​ဉာဏ်​အ​လင်း​ရောင်​အား ငါ​တို့​စိတ်​နှ​လုံး​ထဲ​၌ ထွန်း​လင်း​စေ​တော်​မူ​၏။

မြေ​အိုး​များ​ထဲ​မှ​ရ​တ​နာ

7 သို့​သော် အ​လွန်​ထူး​မြတ်​သော ဤ​တန်​ခိုး​သည် ငါ​တို့​ထံ​မှ​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​ထံ​မှ​ဖြစ်​ကြောင်း ထင်​ရှား​စေ​ရန် ငါ​တို့​သည် ဤ​ရ​တ​နာ​ကို မြေ​အိုး​ထဲ​၌​ဆောင်​ထား​ကြ​၏။

8 ငါ​တို့​သည် အ​ဘက်​ဘက်​မှ​နှိပ်​စက်​ခြင်း​ခံ​ရ​သော်​လည်း ချေ​မှုန်း​ခြင်း​မ​ခံ​ရ။ တွေး​မ​ရ​ဖြစ်​သော်​လည်း မျှော်​လင့်​ချက်​ကင်း​မဲ့​သည်​ဟူ​၍​မ​ရှိ။

9 ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော်​လည်း စွန့်​ပစ်​ခြင်း​ကို​မ​ခံ​ရ။ အ​လဲ​ထိုး​ခံ​ရ​သော်​လည်း ဆုံး​ရှုံး​ခြင်း​သို့​မ​ရောက်။

10 ယေ​ရှု​၏​အ​သက်​ရှင်​တော်​မူ​ခြင်း​သည် ငါ​တို့​၏​ကိုယ်​ခန္ဓာ​၌ ထင်​ရှား​မည့်​အ​ကြောင်း ယေ​ရှု​၏​အ​သေ​ခံ​တော်​မူ​ခြင်း​ကို ငါ​တို့​ကိုယ်​ခန္ဓာ​၌ အ​စဉ်​ဆောင်​ထား​ကြ​၏။

11 ယေ​ရှု​၏​အ​သက်​ရှင်​တော်​မူ​ခြင်း​သည် သေ​တတ်​သော​ငါ​တို့​၏​ကိုယ်​ကာ​ယ​၌ ထင်​ရှား​မည့်​အ​ကြောင်း အ​သက်​ရှင်​လျက်​ရှိ​သော​ငါ​တို့​သည် ယေ​ရှု​ကြောင့် သေ​ခြင်း​လက်​သို့ အ​စဉ်​မ​ပြတ်​အပ်​နှံ​ခြင်း​ကို​ခံ​ရ​ကြ​၏။

12 ဤ​သို့​ဖြင့် သေ​ခြင်း​သည် ငါ​တို့​၌​အ​လုပ်​လုပ်​လျက်​နေ​၍ အ​သက်​ရှင်​ခြင်း​သည် သင်​တို့​၌​အ​လုပ်​လုပ်​လျက်​နေ​၏။

13 “ငါ​ယုံ​ကြည်​သော​ကြောင့် ငါ​ဟော​ပြော​၏”​ဟု ရေး​ထား​သည့်​အ​တိုင်း ထို​ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော​ဝိ​ညာဉ်​တော်​ကို ငါ​တို့​ရ​ရှိ​ကြ​သည်​ဖြစ်​၍ ငါ​တို့​သည်​လည်း ယုံ​ကြည်​သော​ကြောင့် ဟော​ပြော​ကြ​၏။

14 အ​ဘယ်​ကြောင့်​ဆို​သော် သ​ခင်​ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​သော​အ​ရှင်​သည် ငါ​တို့​ကို​လည်း ယေ​ရှု​နှင့်​အ​တူ​ထ​မြောက်​စေ​၍ သင်​တို့​နှင့်​အ​တူ ရှေ့​တော်​သို့​ခေါ်​သွင်း​တော်​မူ​မည်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။

15 ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အ​တွက်​ဖြစ်​၏။ ဤ​သည်​ကား များ​စွာ​သော​သူ​တို့​၌ ကျေး​ဇူး​တော်​သည်​တိုး​ပွား​လာ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​အ​တွက် ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​ကို ကြွယ်​ဝ​ပြည့်​စုံ​စေ​မည့်​အ​ကြောင်း​တည်း။

16 ထို့​ကြောင့် ငါ​တို့​သည် စိတ်​ပျက်​အား​လျော့​ခြင်း​မ​ရှိ​ကြ။ ငါ​တို့​၏​ပြင်​ပ​လူ့​ခန္ဓာ​သည် ယို​ယွင်း​ပျက်​စီး​နေ​သော်​လည်း ငါ​တို့​၏​အ​တွင်း​ဝိ​ညာဉ်​မူ​ကား တစ်​နေ့​ထက်​တစ်​နေ့ အ​သစ်​ပြု​ပြင်​ခြင်း​ကို​ခံ​ရ​၏။

17 အ​ကြောင်း​မူ​ကား ငါ​တို့​ခေတ္တ​ခံ​ရ​သော ပေါ့​ပါး​သည့်​ဆင်း​ရဲ​ဒုက္ခ​သည် အ​တိုင်း​ထက်​အ​လွန် ထူး​မြတ်​၍​လေး​နက်​သော ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​ကို ငါ​တို့​အ​တွက်​ဖြစ်​စေ​၏။

18 ထို့​ကြောင့် ငါ​တို့​သည် မြင်​ရ​သော​အ​ရာ​တို့​ကို အာ​ရုံ​မ​စိုက်​ဘဲ မ​မြင်​ရ​သော​အ​ရာ​တို့​ကို အာ​ရုံ​စိုက်​ကြ​၏။ အ​ကြောင်း​မူ​ကား မြင်​ရ​သော​အ​ရာ​တို့​သည် ခ​ဏ​သာ​တည်​၍ မ​မြင်​ရ​သော​အ​ရာ​တို့​သည် ထာ​ဝ​ရ​တည်​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13