ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 10 MSB

ပေါ​လု​၏​တ​မန်​တော်​အ​ခွင့်​အာ​ဏာ

1 သင်​တို့​နှင့် လူ​ချင်း​တွေ့​သော​အ​ခါ နှိမ့်​ချ​၍ ကွဲ​ကွာ​နေ​စဉ် သင်​တို့​အ​ပေါ် ရဲ​ဝံ့​ပြတ်​သား​စွာ​ပြု​မူ​တတ်​သော ငါ​ပေါ​လု​သည် ခ​ရစ်​တော်​၏​နူး​ညံ့​သိမ်​မွေ့​ခြင်း​နှင့်​ညင်​သာ​ခြင်း​တို့​ဖြင့် သင်​တို့​အား မေတ္တာ​ရပ်​ခံ​ပါ​၏။

2 ငါ​တို့​ကို သွေး​သား​ဇာ​တိ​အ​လို​သို့​လိုက်​၍ အ​သက်​ရှင်​လျှောက်​လှမ်း​နေ​ကြ​သူ​ကဲ့​သို့ သတ်​မှတ်​သော​သူ​အ​ချို့​တို့​အ​ပေါ် ရဲ​ဝံ့​စွာ​ပြု​မူ​ရ​မည်​ဟု ငါ​ယုံ​ကြည်​ခံ​ယူ​ထား​သည့်​အ​တိုင်း ငါ​ရောက်​လာ​သော​အ​ခါ ထို​သို့​ရဲ​ဝံ့​ပြတ်​သား​စွာ​မ​ပြု​မူ​ရ​စေ​ရန် ငါ​တောင်း​ပန်​၏။

3 အ​ဘယ်​ကြောင့်​ဆို​သော် ငါ​တို့​သည် သွေး​သား​ဇာ​တိ​၌ အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​သည်​မှန်​သော်​လည်း သွေး​သား​ဇာ​တိ​အ​လို​သို့​လိုက်​၍ တိုက်​ပွဲ​ဝင်​ကြ​သည်​မ​ဟုတ်။

4 အ​ကြောင်း​မူ​ကား တိုက်​ပွဲ​၌ ငါ​တို့​သုံး​သော​လက်​နက်​များ​သည် သွေး​သား​ဇာ​တိ​နှင့်​ဆိုင်​သော​လက်​နက်​များ​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​အား​ဖြင့် အ​စွမ်း​ထက်​သော​လက်​နက်​များ​ဖြစ်​ကြ​ပြီး ခံ​တပ်​များ​ကို​ပင် ဖြို​ဖျက်​နိုင်​သည်​သာ​မ​က

5 ဘု​ရား​သ​ခင်​ကို​သိ​သော​ဉာဏ်​ကို ဆန့်​ကျင်​တား​ဆီး​သည့် စဉ်း​စား​ဆင်​ခြင်​မှု​နှင့်​မာန်​မာ​န​ရှိ​သ​မျှ​တို့​ကို​ဖြို​ဖျက်​၍ ခပ်​သိမ်း​သော​တွေး​တော​ကြံ​စည်​မှု​များ​ကို ဖမ်း​ဆီး​ချုပ်​နှောင်​ကာ ခ​ရစ်​တော်​အား နာ​ခံ​စေ​ကြ​၏။

6 သင်​တို့​သည် နာ​ခံ​မှု​နှင့်​ပြည့်​စုံ​သော​အ​ခါ မ​နာ​ခံ​မှု​ရှိ​သ​မျှ​တို့​ကို တ​ရား​သ​ဖြင့်​စီ​ရင်​ရန် ငါ​တို့​အ​သင့်​ရှိ​ကြ​၏။

7 သင်​တို့​သည် အ​ပြင်​ပန်း​သဏ္ဌာန်​ကို​သာ ကြည့်​နေ​ကြ​၏။ မည်​သူ​မ​ဆို မိ​မိ​ကိုယ်​ကို ခ​ရစ်​တော်​နှင့်​ဆိုင်​သော​သူ​ဖြစ်​သည်​ဟု ယုံ​မှတ်​လျှင် သူ​သည် ခ​ရစ်​တော်​နှင့်​ဆိုင်​သော​သူ​ဖြစ်​သ​ကဲ့​သို့ ငါ​တို့​သည်​လည်း ခ​ရစ်​တော်​နှင့်​ဆိုင်​သော​သူ​ဖြစ်​ကြောင်း သူ​ကိုယ်​တိုင် ပြန်​လည်​ဆင်​ခြင်​သိ​မှတ်​ပါ​စေ။

8 အ​ကြောင်း​မူ​ကား သင်​တို့​ကို​ဖြို​ဖျက်​ရန်​အ​တွက်​မ​ဟုတ်​ဘဲ တည်​ဆောက်​ရန်​အ​တွက် သ​ခင်​ဘု​ရား​ပေး​တော်​မူ​သော ငါ​တို့​၏​အ​ခွင့်​အာ​ဏာ​နှင့်​ပတ်​သက်​၍ ငါ​သည် အ​နည်း​ငယ်​ပို​၍ ဝါ​ကြွား​မိ​ခဲ့​လျှင်​ပင် ရှက်​ကြောက်​မည်​မ​ဟုတ်။

9 ငါ​သည် သင်​တို့​ကို စာ​များ​ဖြင့်​ခြောက်​လှန့်​နေ​သည်​ဟု မ​ထင်​မှတ်​စေ​လို​ပေ။

10 အ​ကြောင်း​မူ​ကား “ပေါ​လု​၏​စာ​များ​သည် လေး​နက်​၍ ဩ​ဇာ​ပါ​သော်​လည်း လူ​ကိုယ်​တိုင်​တွေ့​ရ​သော​အ​ခါ သူ​သည် အား​နည်း​၍ သူ​၏​အ​ဟော​အ​ပြော​သည်​လည်း အ​ထင်​ကြီး​ဖွယ်​မ​ရှိ”​ဟု ဆို​သော​သူ​ရှိ​၏။

11 ငါ​တို့​သည် အ​ဝေး​၌​ရှိ​နေ​စဉ် စာ​၌​ရေး​လိုက်​သည့်​စ​ကား​အ​တိုင်း ကိုယ်​တိုင်​ရောက်​လာ​သော​အ​ခါ​၌​လည်း ပြု​မည်​ဖြစ်​ကြောင်း ထို​သူ​သိ​မှတ်​ပါ​စေ။

12 အ​ကြောင်း​မူ​ကား ငါ​တို့​သည် မိ​မိ​ကိုယ်​ကို​ထောက်​ခံ​ချီး​ကျူး​တတ်​သော​သူ​တို့​နှင့် မိ​မိ​တို့​ကိုယ်​ကို တစ်​တန်း​တည်း​ဖြစ်​စေ​ခြင်း သို့​မ​ဟုတ် နှိုင်း​ယှဉ်​ခြင်း စ​သည်​တို့​ကို​မ​ပြု​ဝံ့​ချေ။ သူ​တို့​သည် အ​ချင်း​ချင်း​ကြား​၌ အ​ချင်း​ချင်း​တိုင်း​တာ​လျက် အ​ချင်း​ချင်း​နှိုင်း​ယှဉ်​လျက်​နေ​၍ တတ်​သိ​နား​လည်​မှု​မ​ရှိ​ကြ။

13 သို့​သော် ငါ​တို့​သည် မိ​မိ​တို့​အ​တိုင်း​အ​တာ​ကို​ကျော်​လွန်​၍ ဝါ​ကြွား​မည်​မ​ဟုတ်။ ငါ​တို့​အား ဘု​ရား​သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သော နယ်​ပယ်​၏​အ​တိုင်း​အ​တာ​တည်း​ဟူ​သော သင်​တို့​ထံ​သို့​တိုင်​အောင်​ပင် ရောက်​ရှိ​လာ​သည့်​အ​တိုင်း​အ​တာ​နှင့်​အ​ညီ ဝါ​ကြွား​မည်။

14 ငါ​တို့​သည် သင်​တို့​ထံ​သို့​မ​ရောက်​နိုင်​သ​ကဲ့​သို့ မိ​မိ​တို့​ကိုယ်​ကို အ​တင်း​ဆန့်​တန်း​နေ​ကြ​သည်​မ​ဟုတ်။ အ​မှန်​စင်​စစ် ငါ​တို့​သည် ခ​ရစ်​တော်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို​ယူ​ဆောင်​၍ သင်​တို့​ထံ​သို့​ရောက်​လာ​ခဲ့​ကြ​၏။

15 ငါ​တို့​သည် မိ​မိ​တို့​အ​တိုင်း​အ​တာ​ကို​ကျော်​လွန်​၍ သူ​တစ်​ပါး​တို့​၏​ကြိုး​ပမ်း​အား​ထုတ်​မှု​၌ ဝါ​ကြွား​ခြင်း​မ​ပြု။ သို့​သော် သင်​တို့​၏​ယုံ​ကြည်​ခြင်း​တိုး​ပွား​လာ​သည်​နှင့်​အ​မျှ ငါ​တို့​၏​နယ်​ပယ်​သည် သင်​တို့​ထဲ​၌ ပို​မို​ကျယ်​ပြန့်​လာ​၍

16 သင်​တို့​ကို​ကျော်​လွန်​သော​အ​ရပ်​ဒေ​သ​များ​သို့ ကောင်း​မြတ်​သော​သ​တင်း​ကို​ဟော​ပြော​နိုင်​ရန် ငါ​တို့​မျှော်​လင့်​ထား​၏။ အ​ခြား​သူ​၏​နယ်​ပယ်​အ​တွင်း ဆောင်​ရွက်​ပြီး​စီး​ခဲ့​သော​အ​ရာ​၌ ငါ​တို့​ဝါ​ကြွား​ခြင်း​မ​ပြု​ပေ။

17 ဝါ​ကြွား​သော​သူ​သည် သ​ခင်​ဘု​ရား​၌​သာ ဝါ​ကြွား​စေ။

18 အ​ကြောင်း​မူ​ကား ယုံ​ကြည်​စိတ်​ချ​ရ​သူ​သည် မိ​မိ​ကိုယ်​ကို ထောက်​ခံ​ချီး​ကျူး​သော​သူ​မ​ဟုတ်​ဘဲ သ​ခင်​ဘု​ရား​က ထောက်​ခံ​ချီး​ကျူး​သော​သူ​ဖြစ်​ရ​မည်။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13