ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 5 MSB

အ​ကျွန်ုပ်​တို့​သေ​လွန်​ပြီး​သည့်​အ​ခါ

1 ယာ​ယီ​တဲ​ဖြစ်​သော ငါ​တို့​၏​မြေ​ကြီး​အိမ်​သည် ပျက်​စီး​သွား​လျှင် ကောင်း​ကင်​ဘုံ​၌ လူ့​လက်​ဖြင့်​မ​တည်​ဆောက်၊ ဘု​ရား​သ​ခင်​တည်​ဆောက်​တော်​မူ​သော ထာ​ဝ​ရ​အိမ်​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။

2 ငါ​တို့​သည် ကောင်း​ကင်​မှ ငါ​တို့​၏​စံ​အိမ်​ကို​လွှမ်း​ခြုံ​ရ​ရန် တောင့်​တ​၍ ဤ​တဲ​တွင်​ညည်း​တွား​ကြ​၏။

3 ထို​သို့​လွှမ်း​ခြုံ​ရ​လျှင် ငါ​တို့​သည် အ​ဝတ်​မ​ပါ​အ​ချည်း​စည်း​ဖြစ်​ကြ​လိမ့်​မည်​မ​ဟုတ်။

4 အ​ကြောင်း​မူ​ကား ငါ​တို့​သည် ဤ​ယာ​ယီ​တဲ​တွင်​ရှိ​နေ​စဉ် လေး​လံ​သော​ဝန်​ကို​ထမ်း​၍ ညည်း​တွား​ကြ​၏။ ထို​သို့​ညည်း​တွား​ကြ​ခြင်း​မှာ ထို​တဲ​ကို​ချွတ်​ပယ်​လို​၍​မ​ဟုတ်​ဘဲ ၎င်း​အ​ပေါ်​၌​လွှမ်း​ခြုံ​လို​၍​သာ​ဖြစ်​ပြီး ထို​သို့​အား​ဖြင့် သေ​တတ်​သော​အ​ရာ​သည် အ​သက်​ရှင်​ခြင်း​ထဲ​တွင် နစ်​မြုပ်​စေ​ခြင်း​ခံ​ရ​ရန်​ဖြစ်​၏။

5 ဤ​အ​မှု​အ​ရာ​အ​တွက် ငါ​တို့​ကို​ပြင်​ဆင်​ပေး​တော်​မူ​သော​အ​ရှင်​ကား ဝိ​ညာဉ်​တော်​ကို စ​ရန်​အ​ဖြစ် ငါ​တို့​အား​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​ပေ​တည်း။

6 ထို့​ကြောင့် ငါ​တို့​သည် အ​စဉ်​အ​မြဲ​ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ကြ​၏။ ဤ​ကိုယ်​ခန္ဓာ​၌ ငါ​တို့​ရှိ​နေ​သ​ရွေ့ သ​ခင်​ဘု​ရား​နှင့်​ဝေး​ကွာ​လျက်​ရှိ​ကြောင်း​ကို​လည်း ငါ​တို့​သိ​ကြ​၏။

7 အ​ကြောင်း​မူ​ကား ငါ​တို့​သည် အ​မြင်​အား​ဖြင့်​မ​ဟုတ်​ဘဲ ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​လျှောက်​လှမ်း​ကြ​၏။

8 ငါ​တို့​သည် ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​၍ ကိုယ်​ခန္ဓာ​မှ​ကွာ​လျက် သ​ခင်​ဘု​ရား​နှင့်​အ​တူ​ရှိ​နေ​ရန် သာ​၍​အ​လို​ရှိ​ကြ​၏။

9 သို့​ဖြစ်​၍ ငါ​တို့​သည် ကိုယ်​ခန္ဓာ​၌​ရှိ​သည်​ဖြစ်​စေ၊ ဝေး​ကွာ​လျက်​ရှိ​သည်​ဖြစ်​စေ ကိုယ်​တော်​နှစ်​သက်​တော်​မူ​သော​သူ​ဖြစ်​မည့်​အ​ကြောင်း ရည်​မှန်း​ကြိုး​စား​ကြ​၏။

10 အ​ကြောင်း​မူ​ကား ငါ​တို့​အား​လုံး​သည် ကိုယ်​ခန္ဓာ​၌​ရှိ​စဉ် ပြု​ကျင့်​သည့်​အ​တိုင်း ကောင်း​သော​အ​မှု​အ​တွက်​ဖြစ်​စေ၊ ဆိုး​ညစ်​သော​အ​မှု​အ​တွက်​ဖြစ်​စေ အ​ကျိုး​အ​ပြစ်​ကို အ​သီး​သီး​ခံ​စား​ရ​ရန် ခ​ရစ်​တော်​၏​တ​ရား​ပလ္လင်​ရှေ့​၌ ပေါ်​လာ​ကြ​ရ​မည်။

11 ထို့​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ခြင်း​နှင့်​ပတ်​သက်​သည့်​အ​ကြောင်း​ကို ငါ​တို့​သိ​သ​ဖြင့် လူ​တို့​ကို​စည်း​ရုံး​ကြ​၏။ ငါ​တို့​အ​ကြောင်း​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ထင်​ရှား​ပြီ​ဖြစ်​၍ သင်​တို့​၏​အ​သိ​စိတ်​၌​လည်း ထင်​ရှား​ပြီ​ဟု ငါ​မျှော်​လင့်​၏။

12 ငါ​တို့​သည် မိ​မိ​တို့​ကိုယ်​ကို တစ်​ဖန် သင်​တို့​ရှေ့​၌ ထောက်​ခံ​ချီး​ကျူး​နေ​ကြ​သည်​မ​ဟုတ်။ သို့​သော် စိတ်​နှ​လုံး​ကို​မ​ကြည့်​ဘဲ အ​ပြင်​သဏ္ဌာန်​ကို​သာ​ကြည့်​၍ ဝါ​ကြွား​တတ်​သော​သူ​တို့​၏​စ​ကား​ကို သင်​တို့​ပြန်​လည်​ချေ​ပ​နိုင်​ရန် ငါ​တို့​နှင့်​ပတ်​သက်​၍ ဝါ​ကြွား​ရ​သော​အ​ခွင့်​ကို သင်​တို့​အား​ပေး​လိုက်​ခြင်း​သာ​ဖြစ်​၏။

13 အ​ကြောင်း​မူ​ကား ငါ​တို့​သည် စိတ်​ဖောက်​ပြန်​နေ​သည်​ဆို​လျှင် ဘု​ရား​သ​ခင်​အ​တွက်​ဖြစ်​၍ ပ​က​တိ​စိတ်​ရှိ​လျှင် သင်​တို့​အ​တွက်​ဖြစ်​၏။

14 အ​ဘယ်​ကြောင့်​ဆို​သော် ခ​ရစ်​တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​ကို​လွှမ်း​မိုး​လျက်​ရှိ​၏။ ငါ​တို့​သည် ဤ​သို့​ယူ​ဆ​ကြ​၏။ တစ်​ယောက်​သော​သူ​သည် လူ​အ​ပေါင်း​တို့​အ​တွက် အ​သေ​ခံ​သည်​ဖြစ်​၍ လူ​အ​ပေါင်း​တို့​သည် သေ​ဆုံး​ခဲ့​ကြ​ပြီ။

15 ထို​သို့ လူ​အ​ပေါင်း​တို့​အ​တွက် ကိုယ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း​မှာ အ​သက်​ရှင်​သော​သူ​တို့​သည် မိ​မိ​တို့​အ​တွက် အ​သက်​မ​ရှင်​တော့​ဘဲ သူ​တို့​အ​တွက်​အ​သေ​ခံ​တော်​မူ​ပြီး ထ​မြောက်​တော်​မူ​သော​အ​ရှင်​အ​တွက် အ​သက်​ရှင်​ကြ​ရန်​ဖြစ်​၏။

ပြန်​လည်​သင့်​မြတ်​ခြင်း​အ​မှု​တော်​လုပ်​ငန်း

16 ထို့​ကြောင့် ယ​ခု​မှ​စ​၍ ငါ​တို့​သည် မည်​သူ့​ကို​မျှ သွေး​သား​ဇာ​တိ​သ​ဘော​ဖြင့် မ​သိ​မှတ်​တော့​ပေ။ ငါ​တို့​သည် ခ​ရစ်​တော်​ကို သွေး​သား​ဇာ​တိ​သ​ဘော​ဖြင့် သိ​မှတ်​ခဲ့​လျှင်​လည်း ယ​ခု​တွင် ထို​သို့​မ​သိ​မှတ်​တော့​ပေ။

17 သို့​ဖြစ်​၍ မည်​သူ​မ​ဆို ခ​ရစ်​တော်​၌​ရှိ​လျှင် အ​သစ်​ဖန်​ဆင်း​ခံ​ရ​သူ​ဖြစ်​၏။ ဟောင်း​သော​အ​ရာ​တို့​သည် ကွယ်​ပျောက်​သွား​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​လေ​ပြီ။

18 ဤ​အ​ရာ​အား​လုံး​တို့​သည် ဘု​ရား​သ​ခင်​ထံ​မှ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​ကို မိ​မိ​နှင့်​ပြန်​လည်​သင့်​မြတ်​စေ​၍ ငါ​တို့​အား ပြန်​လည်​သင့်​မြတ်​ခြင်း​နှင့်​ဆိုင်​သော​အ​မှု​တော်​ကို ပေး​အပ်​တော်​မူ​၏။

19 ဆို​လို​သည်​မှာ ဘု​ရား​သ​ခင်​သည် လော​ကီ​သား​တို့​ကျူး​လွန်​သော​အ​ပြစ်​များ​ကို သူ​တို့​အ​ပေါ်​သင့်​ရောက်​စေ​တော်​မ​မူ​ဘဲ သူ​တို့​ကို ခ​ရစ်​တော်​၌ မိ​မိ​နှင့်​ပြန်​လည်​သင့်​မြတ်​စေ​တော်​မူ​ပြီး ပြန်​လည်​သင့်​မြတ်​ခြင်း​တ​ရား​ကို ငါ​တို့​၌​အပ်​ထား​တော်​မူ​၏။

20 ထို​သို့ ဘု​ရား​သ​ခင်​သည် ငါ​တို့​မှ​တစ်​ဆင့် တိုက်​တွန်း​တော်​မူ​သည်​ဖြစ်​၍ ငါ​တို့​သည် ခ​ရစ်​တော်​၏​သံ​တ​မန်​များ​ဖြစ်​ကြ​၏။ ထို့​ကြောင့် “ဘု​ရား​သ​ခင်​နှင့်​ပြန်​လည်​သင့်​မြတ်​ကြ​လော့”​ဟု ခ​ရစ်​တော်​၏​ကိုယ်​စား ငါ​တို့​တောင်း​ပန်​ကြ​၏။

21 ဘု​ရား​သ​ခင်​သည် အ​ပြစ်​ကင်း​စင်​သော​အ​ရှင်​ကို ငါ​တို့​အ​တွက် အ​ပြစ်​ဖြစ်​သွား​စေ​တော်​မူ​၏။ ဤ​သည်​ကား ငါ​တို့​သည် ထို​အ​ရှင်​အား​ဖြင့် ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​ခြင်း​ဖြစ်​လာ​မည့်​အ​ကြောင်း​တည်း။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13