ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 13 MSB

နောက်​ဆုံး​သ​တိ​ပေး​တိုက်​တွန်း​ချက်​များ

1 ယ​ခု တ​တိ​ယ​အ​ကြိမ် သင်​တို့​ထံ​သို့ ငါ​လာ​ခဲ့​မည်။ သက်​သေ​နှစ်​ဦး သို့​မ​ဟုတ် သုံး​ဦး​၏​ထွက်​ဆို​ချက်​အား​ဖြင့် စ​ကား​အား​လုံး​သည် အ​တည်​ပြု​ခြင်း​ခံ​ရ​လိမ့်​မည်။

2 ယ​ခင် အ​ပြစ်​ကျူး​လွန်​ခဲ့​သူ​များ​နှင့် အ​ခြား​သော​သူ​အ​ပေါင်း​တို့​အား ဒု​တိ​ယ​အ​ကြိမ်​ရောက်​ခဲ့​စဉ်​က ငါ​သ​တိ​ပေး​ခဲ့​သည့်​အ​တိုင်း ယ​ခု သင်​တို့​နှင့်​ကွဲ​ကွာ​နေ​စဉ် ငါ​သ​တိ​ပေး​သည်​ကား ငါ​သည် နောက်​တစ်​ဖန်​ရောက်​လာ​လျှင် ညှာ​တာ​လိမ့်​မည်​မ​ဟုတ်။

3 အ​ဘယ်​ကြောင့်​ဆို​သော် ခ​ရစ်​တော်​သည် ငါ့​အား​ဖြင့်​မြွက်​ဆို​နေ​သည်​ဟူ​သော​သက်​သေ​သာ​ဓ​က​ကို သင်​တို့​တွေ့​မြင်​လို​ကြ​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော်​သည် သင်​တို့​တွင်​အား​နည်း​တော်​မ​မူ။ သင်​တို့​အ​ထဲ​၌ တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​၏။

4 အ​ကြောင်း​မူ​ကား ကိုယ်​တော်​သည် အား​နည်း​ခြင်း​ထဲ​တွင် လက်​ဝါး​ကပ်​တိုင်​ပေါ်​၌​တင်​ခြင်း​ခံ​ခဲ့​ရ​သော်​လည်း ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​အား​ဖြင့် အ​သက်​ရှင်​တော်​မူ​၏။ ထို​နည်း​တူ ငါ​တို့​သည်​လည်း ကိုယ်​တော်​၌ အား​နည်း​ကြ​သော်​လည်း သင်​တို့​ရှေ့​၌ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော်​အား​ဖြင့် ကိုယ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​ကြ​လိမ့်​မည်။

5 သင်​တို့​သည် ယုံ​ကြည်​ခြင်း​၌​တည်​နေ​ခြင်း​ရှိ​မ​ရှိ မိ​မိ​ကိုယ်​ကို​စမ်း​သပ်​ကြ​လော့။ မိ​မိ​ကိုယ်​ကို​စစ်​ဆေး​ကြ​လော့။ သင်​တို့​အ​ထဲ​၌ ယေ​ရှု​ခ​ရစ်​တော်​ရှိ​ကြောင်း သင်​တို့​ကိုယ်​တိုင်​မ​သိ​ကြ​သ​လော။ သို့​မ​ဟုတ် သင်​တို့​သည် စုံ​စမ်း​စစ်​ဆေး​ခြင်း​၌​ကျ​ရှုံး​သော​သူ​များ​ဖြစ်​လေ​ပြီ​လော။

6 ငါ​တို့​သည် စုံ​စမ်း​စစ်​ဆေး​ခြင်း​၌​ကျ​ရှုံး​သော​သူ​များ​မ​ဟုတ်​ကြောင်း သင်​တို့​သိ​မည်​ဟု ငါ​မျှော်​လင့်​၏။

7 သင်​တို့​သည် မ​ကောင်း​သော​အ​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​မည့်​အ​ကြောင်း ဘု​ရား​သ​ခင်​ထံ ငါ​တို့​ဆု​တောင်း​ကြ​၏။ ဤ​သို့​ဆို​ခြင်း​မှာ စုံ​စမ်း​စစ်​ဆေး​ခြင်း​ကို ငါ​တို့​အောင်​မြင်​ကြောင်း​ထင်​ရှား​စေ​ရန်​အ​တွက်​မ​ဟုတ်​ဘဲ ငါ​တို့​သည် စုံ​စမ်း​စစ်​ဆေး​ခြင်း​၌​ကျ​ရှုံး​သော​သူ​များ​ကဲ့​သို့​ဖြစ်​ကြ​လျှင်​ပင် သင်​တို့​သည် ကောင်း​သော​အ​မှု​ကို​ပြု​နိုင်​ရန်​အ​တွက်​ဖြစ်​၏။

8 အ​ကြောင်း​မူ​ကား ငါ​တို့​သည် သမ္မာ​တ​ရား​ကို​ဆန့်​ကျင်​၍ မည်​သည့်​အ​မှု​ကို​မျှ မ​ပြု​နိုင်​ကြ။ သမ္မာ​တ​ရား​ဘက်​၌​နေ​၍​သာ​လျှင် ပြု​နိုင်​ကြ​၏။

9 ငါ​တို့​အား​နည်း​လျှင်​လည်း သင်​တို့​အား​ကြီး​သော​အ​ခါ ငါ​တို့​ဝမ်း​မြောက်​ကြ​၏။ သင်​တို့​သည် ပြည့်​ဝ​စုံ​လင်​သော​သူ​ဖြစ်​ကြ​ရန်​အ​တွက်​လည်း ငါ​တို့​ဆု​တောင်း​ကြ​၏။

10 ဤ​အ​ကြောင်း​ကြောင့် ဖြို​ဖျက်​ရန်​အ​တွက်​မ​ဟုတ်​ဘဲ တည်​ဆောက်​ရန်​အ​တွက် ငါ့​အား သ​ခင်​ဘု​ရား​ပေး​တော်​မူ​သော​အ​ခွင့်​အာ​ဏာ​ကို ငါ​ရောက်​လာ​သော​အ​ခါ ပြင်း​ထန်​စွာ​အ​သုံး​မ​ချ​ရ​ရန် ငါ​သည် သင်​တို့​နှင့်​ကွဲ​ကွာ​နေ​စဉ် ဤ​အ​ကြောင်း​အ​ရာ​များ​ကို ရေး​လိုက်​၏။

11 နောက်​ဆုံး​အ​နေ​ဖြင့်​ဆို​ရ​လျှင် ညီ​အစ်​ကို​တို့၊ ဝမ်း​မြောက်​ကြ​လော့။ စုံ​လင်​ခြင်း​သို့​ရောက်​ကြ​လော့။ နှစ်​သိမ့်​ခြင်း​ကို ခံ​စား​ကြ​လော့။ တစ်​စိတ်​တစ်​သ​ဘော​တည်း​ရှိ​၍ သင့်​မြတ်​စွာ​နေ​ကြ​လော့။ ချစ်​ခြင်း​မေတ္တာ​နှင့်​ငြိမ်​သက်​ခြင်း​တို့​၏​ဘု​ရား​သ​ခင်​သည် သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​လိမ့်​မည်။

12 အ​ချင်း​ချင်း​သန့်​ရှင်း​သော​အ​နမ်း​ဖြင့် နှုတ်​ဆက်​ကြ​လော့။ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​သည် သင်​တို့​ကို​နှုတ်​ဆက်​ကြ​၏။

13 သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ကျေး​ဇူး​တော်​၊ ဘု​ရား​သ​ခင်​၏​မေတ္တာ​တော်​နှင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​တို့​သည် သင်​တို့​အား​လုံး​နှင့်​အ​တူ ရှိ​ပါ​စေ​သော​။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13