ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 3 MSB

အ​သက်​ကို​ရ​ရှိ​စေ​သော​စာ​များ

1 ငါ​တို့​သည် တစ်​ဖန် မိ​မိ​ကိုယ်​ကို​ထောက်​ခံ​ချီး​ကျူး​နေ​ကြ​သ​လော။ သို့​မ​ဟုတ်​လျှင် ငါ​တို့​သည် အ​ခြား​သော​သူ​များ​ကဲ့​သို့ သူ​တစ်​ပါး​ထောက်​ခံ​ပေး​သော​စာ၊ သို့​မ​ဟုတ် သင်​တို့​ထောက်​ခံ​ပေး​သော​စာ​ကို လို​အပ်​သ​လော။

2 သင်​တို့​ကိုယ်​တိုင်​သည် ငါ​တို့​စိတ်​နှ​လုံး​ထဲ​၌​ရေး​ထား​သည့် လူ​တိုင်း​ဖတ်​ရှု​လျက်​သိ​ရှိ​သော ငါ​တို့​၏​စာ​ဖြစ်​ကြ​၏။

3 သင်​တို့​သည် ငါ​တို့​ပြု​စု​သော ခ​ရစ်​တော်​၏​စာ​ဖြစ်​ကြောင်း ထင်​ရှား​လျက်​ရှိ​၏။ ထို​စာ​ကို မင်​အား​ဖြင့်​မ​ဟုတ်​ဘဲ အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် ရေး​ထား​ခြင်း​ဖြစ်​ပြီး ကျောက်​ပြား​ပေါ်​၌​မ​ဟုတ်​ဘဲ လူ​၏​နှ​လုံး​သား​ပြင်​ပေါ်​၌​ရေး​ထား​ခြင်း​ဖြစ်​၏။

ပေါ​လု​၏​ကျွမ်း​ကျင်​လိမ္မာ​မှု

4 ငါ​တို့​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ခ​ရစ်​တော်​အား​ဖြင့် ထို​သို့​သော​ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ကြ​၏။

5 ထို​သို့​ဆို​သော် တစ်​စုံ​တစ်​ခု​သည် ငါ​တို့​ထံ​မှ​ဖြစ်​လာ​သည်​ဟု သတ်​မှတ်​နိုင်​ရန် ငါ​တို့​၌​အ​စွမ်း​အ​စ​ရှိ​သည်​ဟု​မ​ဆို​လို။ ငါ​တို့​၏​အ​စွမ်း​အ​စ​သည် ဘု​ရား​သ​ခင်​ထံ​မှ​သာ​ဖြစ်​၏။

6 ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ပ​ဋိ​ညာဉ်​သစ်​၏​အ​မှု​ကို​ဆောင်​ရွက်​နိုင်​သော​အ​စွမ်း​အ​စ​ကို​ပေး​တော်​မူ​၏။ ထို​ပ​ဋိ​ညာဉ်​သစ်​သည် အက္ခ​ရာ​တင်​ထား​သော​တ​ရား​နှင့်​မ​ဆိုင်၊ ဝိ​ညာဉ်​တော်​နှင့်​သာ​ဆိုင်​၏။ အ​ကြောင်း​မူ​ကား အက္ခ​ရာ​တင်​ထား​သော​တ​ရား​သည် အ​သက်​ကို​သေ​စေ​၍ ဝိ​ညာဉ်​တော်​မူ​ကား အ​သက်​ကို​ရ​ရှိ​စေ​၏။

ပ​ဋိ​ညာဉ်​သစ်​၏​အ​မှု​တော်​ဆောင်

7 ကျောက်​ပြား​ပေါ်​ရေး​ထွင်း​၍ အက္ခ​ရာ​တင်​ထား​သော သေ​ခြင်း​နှင့်​ဆိုင်​သည့် အ​မှု​ပင်​လျှင် ဘုန်း​အ​သ​ရေ​ဖြင့်​ရောက်​လာ​၍ မော​ရှေ​၏​မျက်​နှာ​မှ​ထွက်​သော မှေး​မှိန်​သွား​သည့်​ဘုန်း​အ​သ​ရေ​ကြောင့် အစ္စ​ရေး​အ​မျိုး​သား​တို့​သည် သူ​၏​မျက်​နှာ​ကို စေ့​စေ့​မ​ကြည့်​နိုင်​ခဲ့​ကြ​သည်​ဆို​လျှင်

8 ဝိ​ညာဉ်​တော်​နှင့်​ဆိုင်​သော​အ​မှု​သည် မည်​မျှ​ပို​၍ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​လိမ့်​မည်​နည်း။

9 အ​ကြောင်း​မူ​ကား အ​ပြစ်​ကို​ထင်​ရှား​စေ​သည့်​အ​မှု​၌ ဘုန်း​အ​သ​ရေ​ရှိ​လျှင် ဖြောင့်​မတ်​ခြင်း​နှင့်​ဆိုင်​သော​အ​မှု​သည် သာ​၍​ကြီး​မား​သော​ဘုန်း​အ​သ​ရေ​နှင့် ပြည့်​စုံ​ပေ​လိမ့်​မည်။

10 အ​မှန်​စင်​စစ် ယ​ခင်​က ဘုန်း​အ​သ​ရေ​ရှိ​သော​အ​ရာ​သည် ဤ​နေ​ရာ​၌ ထူး​ကဲ​သော​ဘုန်း​အ​သ​ရေ​ကြောင့် ဘုန်း​အ​သ​ရေ​မဲ့​သွား​ရ​၏။

11 မှေး​မှိန်​သွား​သော​အ​ရာ​၌ ဘုန်း​အ​သ​ရေ​ရှိ​လျှင် တည်​မြဲ​သော​အ​ရာ​၌ သာ​၍​ကြီး​မား​သော​ဘုန်း​အ​သ​ရေ​ရှိ​လိမ့်​မည်။

12 ငါ​တို့​သည် ဤ​သို့​သော​မျှော်​လင့်​ခြင်း​ရှိ​သည်​ဖြစ်​၍ အ​လွန်​ရဲ​ရင့်​စွာ​ဖြင့်​ပြု​မူ​လျက်

13 မော​ရှေ​သည် မှေး​မှိန်​သွား​သော​အ​ရာ​၏​အ​ဆုံး​ကို အစ္စ​ရေး​အ​မျိုး​သား​တို့​အား စေ့​စေ့​မ​ကြည့်​ရ​စေ​ရန် မိ​မိ​မျက်​နှာ​ကို မျက်​နှာ​လွှား​ဖြင့်​ဖုံး​အုပ်​ထား​သ​ကဲ့​သို့ ငါ​တို့​မ​ပြု​ကြ​ချေ။

14 ထို​သူ​တို့​၏​စိတ်​နှ​လုံး​သည် မာ​ကျော​လျက်​ရှိ​၍ ယ​နေ့​တိုင်​အောင် ပ​ဋိ​ညာဉ်​ဟောင်း​ကို​ဖတ်​သော​အ​ခါ ထို​မျက်​နှာ​လွှား​သည် ဖယ်​ရှား​ခြင်း​မ​ခံ​ရ​ဘဲ ရှိ​နေ​သေး​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ခ​ရစ်​တော်​အား​ဖြင့်​သာ ထို​မျက်​နှာ​လွှား​ကို ဖယ်​ရှား​နိုင်​၏။

15 ယ​နေ့​တိုင်​အောင် မော​ရှေ​၏​ကျမ်း​များ​ကို​ဖတ်​သည့်​အ​ခါ​တိုင်း ထို​သူ​တို့​၏​စိတ်​နှ​လုံး​ပေါ်​တွင် ထို​မျက်​နှာ​လွှား​သည် ဖုံး​အုပ်​လျက်​ရှိ​၏။

16 သို့​သော် သ​ခင်​ဘု​ရား​ထံ​သို့ ပြန်​လှည့်​လာ​သော​အ​ခါ ထို​မျက်​နှာ​လွှား​သည် ဖယ်​ရှား​ခြင်း​ခံ​ရ​၏။

17 သ​ခင်​ဘု​ရား​သည် ဝိ​ညာဉ်​တော်​ဖြစ်​၏။ သ​ခင်​ဘု​ရား​၏​ဝိ​ညာဉ်​တော်​ရှိ​ရာ​အ​ရပ်​၌ လွတ်​လပ်​မှု​ရှိ​၏။

18 ငါ​တို့​ရှိ​သ​မျှ​သည်​လည်း မျက်​နှာ​လွှား​မ​ပါ​သော​မျက်​နှာ​ပေါ်​တွင် သ​ခင်​ဘု​ရား​၏​ဘုန်း​တော်​ကို ထင်​ဟပ်​စေ​လျက် ကိုယ်​တော်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ ဝိ​ညာဉ်​တော်​ဖြစ်​သော သ​ခင်​ဘု​ရား​အား​ဖြင့် ဘုန်း​တော်​မှ ဘုန်း​တော်​သို့ ပုံ​သဏ္ဌာန်​ပြောင်း​လဲ​စေ​ခြင်း​ကို​ခံ​ရ​ကြ​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13