ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1:1-5 MSB

1 ဘု​ရား​သ​ခင်​၏​အ​လို​တော်​အား​ဖြင့် ခ​ရစ်​တော်​ယေ​ရှု​၏​တ​မန်​တော်​ဖြစ်​သော ငါ​ပေါ​လု​နှင့် ငါ့​ညီ​တိ​မော​သေ​တို့​သည် ကော​ရိန္သု​မြို့​၌​ရှိ​သော ဘု​ရား​သ​ခင်​၏​အ​သင်း​တော်​နှင့် အ​ခါ​ယ​ပြည်​တစ်​ဝန်း​လုံး​ရှိ သန့်​ရှင်း​သူ​အ​ပေါင်း​တို့​ထံ​သို့ စာ​ရေး​လိုက်​ပါ​၏။

2 ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​ထံ​မှ ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါ​စေ​သော။

3 ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​တော်​၏​ခ​မည်း​တော်​ဘု​ရား​သ​ခင်၊ သက်​ညှာ​ခြင်း​နှင့်​ပြည့်​စုံ​တော်​မူ​သော​အ​ဖ​တည်း​ဟူ​သော နှစ်​သိမ့်​ခြင်း​အ​လုံး​စုံ​တို့​ကို​ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် မင်္ဂ​လာ​ရှိ​ပါ​စေ​သော။

4 ဘု​ရား​သ​ခင်​သည် ငါ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး​မျိုး​တို့​၌ ငါ​တို့​ကို​နှစ်​သိမ့်​ပေး​တော်​မူ​၏။ ဤ​သည်​ကား ဘု​ရား​သ​ခင်​ထံ​မှ ငါ​တို့​ရ​ရှိ​သော​နှစ်​သိမ့်​ခြင်း​အား​ဖြင့် ဆင်း​ရဲ​ဒုက္ခ​အ​မျိုး​မျိုး​ကို​ခံ​နေ​ရ​သော​သူ​တို့​အား ငါ​တို့​နှစ်​သိမ့်​ပေး​နိုင်​ရန်​အ​တွက်​ဖြစ်​၏။

5 အ​ကြောင်း​မူ​ကား ခ​ရစ်​တော်​၏​ဒုက္ခ​ဝေ​ဒ​နာ​များ​သည် ငါ​တို့​၌​များ​ပြား​လှ​သ​ကဲ့​သို့ ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​ခံ​စား​ရ​သော​နှစ်​သိမ့်​ခြင်း​သည်​လည်း များ​ပြား​လှ​ပေ​၏။