ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1:15-21 MSB

15 ငါ​သည် ဤ​သို့​ယုံ​ကြည်​စိတ်​ချ​သ​ဖြင့် သင်​တို့​သည် ကျေး​ဇူး​တော်​ကို နှစ်​ကြိမ်​ခံ​စား​ရ​မည့်​အ​ကြောင်း သင်​တို့​ထံ​သို့ ဦး​စွာ​လာ​၍

16 သင်​တို့​နေ​ရာ​ကို​ဖြတ်​လျက် မာ​ကေ​ဒေါ​နိ​ပြည်​သို့ သွား​ပြီး​နောက် တစ်​ဖန် မာ​ကေ​ဒေါ​နိ​ပြည်​မှ သင်​တို့​ထံ​သို့​ပြန်​လာ​၍ သင်​တို့​၏​ပို့​ဆောင်​ပေး​ခြင်း​အား​ဖြင့် ယု​ဒ​ပြည်​သို့​သွား​မည်​ဟု စီ​စဉ်​ထား​၏။

17 ဤ​သို့​စီ​စဉ်​သော​အ​ခါ ငါ​သည် ပေါ့​ပေါ့​တန်​တန်​စီ​စဉ်​ခဲ့​သ​လော။ သို့​မ​ဟုတ် ငါ​စီ​စဉ်​သော​အ​ရာ​များ​ကို ဇာ​တိ​သ​ဘော​ဖြင့်​စီ​စဉ်​ခဲ့​သော​ကြောင့် ငါ့​စ​ကား​သည် တစ်​ချိန်​တည်း​တွင် “ဟုတ်​ပါ​၏။ ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ။ မ​ဟုတ်​ပါ”​ဟူ​၍ ဖြစ်​ခဲ့​သ​လော။

18 ဘု​ရား​သ​ခင်​သည် သစ္စာ​နှင့်​ပြည့်​စုံ​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား ငါ​တို့​ပြော​ဆို​သော​စ​ကား​သည် တစ်​ချိန်​တည်း​တွင် “ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ”​ဟူ​၍ ဖြစ်​သည်​မ​ဟုတ်။

19 အ​မှန်​စင်​စစ် ငါ​မှ​စ​၍ သိ​လွာ​နု​နှင့် တိ​မော​သေ​တို့​က သင်​တို့​ထဲ​တွင်​ဟော​ပြော​ခဲ့​သော ဘု​ရား​သ​ခင်​၏​သား​တော် ယေ​ရှု​ခ​ရစ်​တော်​၌ တစ်​ချိန်​တည်း​တွင် “ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ”​ဟူ​၍​မ​ရှိ​ဘဲ ကိုယ်​တော်​၌ “ဟုတ်​ပါ​၏”​ဟူ​၍​သာ​ရှိ​၏။

20 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​က​တိ​တော်​ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​၌ “ဟုတ်​ပါ​၏”​ဟူ​၍ ဖြစ်​ကြ​၏။ ထို့​ကြောင့် ငါ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား​မည့်​အ​ကြောင်း ငါ​တို့​သည် “အာ​မင်”​ဟု ကိုယ်​တော်​အား​ဖြင့်​ဆို​ကြ​၏။

21 ငါ​တို့​ကို သင်​တို့​နှင့်​အ​တူ ခ​ရစ်​တော်​၌​တည်​မြဲ​စေ​၍ ငါ​တို့​အား ဘိ​သိက်​ပေး​တော်​မူ​သော​အ​ရှင်​ကား ဘု​ရား​သ​ခင်​ပေ​တည်း။