ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 1:19-24 MSB

19 အ​မှန်​စင်​စစ် ငါ​မှ​စ​၍ သိ​လွာ​နု​နှင့် တိ​မော​သေ​တို့​က သင်​တို့​ထဲ​တွင်​ဟော​ပြော​ခဲ့​သော ဘု​ရား​သ​ခင်​၏​သား​တော် ယေ​ရှု​ခ​ရစ်​တော်​၌ တစ်​ချိန်​တည်း​တွင် “ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ”​ဟူ​၍​မ​ရှိ​ဘဲ ကိုယ်​တော်​၌ “ဟုတ်​ပါ​၏”​ဟူ​၍​သာ​ရှိ​၏။

20 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​၏​က​တိ​တော်​ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​၌ “ဟုတ်​ပါ​၏”​ဟူ​၍ ဖြစ်​ကြ​၏။ ထို့​ကြောင့် ငါ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ထင်​ရှား​မည့်​အ​ကြောင်း ငါ​တို့​သည် “အာ​မင်”​ဟု ကိုယ်​တော်​အား​ဖြင့်​ဆို​ကြ​၏။

21 ငါ​တို့​ကို သင်​တို့​နှင့်​အ​တူ ခ​ရစ်​တော်​၌​တည်​မြဲ​စေ​၍ ငါ​တို့​အား ဘိ​သိက်​ပေး​တော်​မူ​သော​အ​ရှင်​ကား ဘု​ရား​သ​ခင်​ပေ​တည်း။

22 ထို​ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​တံ​ဆိပ်​ခတ်​နှိပ်​တော်​မူ​၍ စ​ရန်​အ​ဖြစ် ငါ​တို့​၏​စိတ်​နှ​လုံး​ထဲ​၌ ဝိ​ညာဉ်​တော်​ကို သွင်း​ပေး​တော်​မူ​၏။

23 ငါ​သည် ငါ့​အ​သက်​ဖြင့်​အာ​မ​ခံ​၍ ဘု​ရား​သ​ခင်​ကို​သက်​သေ​အ​ဖြစ်​ထား​လျက်​ဆို​သည်​ကား ကော​ရိန္သု​မြို့​သို့ ငါ​မ​လာ​သေး​ဘဲ​နေ​ခြင်း​သည် သင်​တို့​ကို​ညှာ​တာ​၍​သာ​ဖြစ်​၏။

24 ငါ​တို့​သည် သင်​တို့​၏​ယုံ​ကြည်​ခြင်း​ကို ချုပ်​ကိုင်​ထား​ကြ​သည်​မ​ဟုတ်။ သင်​တို့​၏​ဝမ်း​မြောက်​ခြင်း​အ​တွက် သင်​တို့​နှင့်​အ​တူ​လုပ်​ဆောင်​သော​သူ​များ​သာ​ဖြစ်​ကြ​၏။ အ​ကြောင်း​မူ​ကား သင်​တို့​သည် ယုံ​ကြည်​ခြင်း​ဖြင့် ရပ်​တည်​ကြ​ပြီ​ဖြစ်​၏။