ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 12:14-20 MSB

14 ယ​ခု ငါ​သည် သင်​တို့​ထံ​သို့ တ​တိ​ယ​အ​ကြိမ်​လာ​ရန် အ​သင့်​ရှိ​၏။ သို့​သော် သင်​တို့​အ​တွက် ဝန်​ထုပ်​ဝန်​ပိုး​ဖြစ်​စေ​မည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား ငါ​သည် သင်​တို့​၏​ဥစ္စာ​များ​ကို အ​လို​ရှိ​သည်​မ​ဟုတ်။ သင်​တို့​ကို​သာ အ​လို​ရှိ​၏။ သား​သ​မီး​တို့​သည် မိ​ဘ​တို့​အ​တွက် စု​ဆောင်း​ရ​သည်​မ​ဟုတ်​ဘဲ မိ​ဘ​တို့​က​သာ သား​သ​မီး​တို့​အ​တွက် စု​ဆောင်း​ရ​၏။

15 ငါ​သည် သင်​တို့​၏​စိတ်​ဝိ​ညာဉ်​အ​တွက် ဝမ်း​မြောက်​စွာ ငါ့​ဥစ္စာ​ကို​အ​သုံး​ပြု​၍ ငါ့​ကိုယ်​ကို​လည်း အ​ကုန်​အ​စင်​အ​သုံး​ပြု​မည်။ သင်​တို့​အ​ပေါ် ငါ​၏​ချစ်​ခြင်း​မေတ္တာ​တိုး​ပွား​လာ​လျှင် ငါ့​အ​ပေါ် သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​လျော့​ပါး​သွား​မည်​လော။

16 ငါ​သည် သင်​တို့​အ​တွက် ဝန်​ထုပ်​ဝန်​ပိုး​မ​ဖြစ်​ခဲ့​သော်​လည်း ပါး​နပ်​သော​သူ​ဖြစ်​၍ ပ​ရိ​ယာယ်​အား​ဖြင့် သင်​တို့​ထံ​မှ ရ​ယူ​ခဲ့​သည်​ဟု​ဆို​ကြ​လျှင်

17 သင်​တို့​ထံ​သို့ ငါ​စေ​လွှတ်​ခဲ့​သော​သူ​များ​ထဲ​မှ တစ်​စုံ​တစ်​ဦး​အား​ဖြင့် သင်​တို့​ကို ငါ​အ​မြတ်​ထုတ်​ခဲ့​ဖူး​သ​လော။

18 ငါ​သည် တိ​တု​ကို သင်​တို့​ထံ​သို့​လာ​ရန် တိုက်​တွန်း​၍ သူ​နှင့်​အ​တူ ညီ​အစ်​ကို​တစ်​ဦး​ကို​စေ​လွှတ်​ခဲ့​၏။ တိ​တု​သည် သင်​တို့​ကို အ​မြတ်​ထုတ်​ခဲ့​သ​လော။ ငါ​တို့​သည် တူ​ညီ​သော​စိတ်​သ​ဘော​ဖြင့် ခြေ​ရာ​တစ်​ထပ်​တည်း​လျှောက်​လှမ်း​ခဲ့​ကြ​သည် မ​ဟုတ်​လော။

19 ငါ​တို့​သည် သင်​တို့​ရှေ့​၌ မိ​မိ​တို့​ကိုယ်​ကို ကာ​ကွယ်​ပြော​ဆို​နေ​ကြ​သည်​ဟု တစ်​ချိန်​လုံး သင်​တို့​ထင်​မှတ်​နေ​ကြ​သ​လော။ ငါ​တို့​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ခ​ရစ်​တော်​ကို​အ​မှီ​ပြု​၍ ပြော​ဆို​နေ​ကြ​၏။ ချစ်​ရ​သော​သူ​တို့၊ အ​ရာ​အား​လုံး​သည် သင်​တို့​၏​တည်​ဆောက်​စ​ရာ​အ​တွက်​ဖြစ်​၏။

20 ငါ​ရောက်​လာ​သော​အ​ခါ အ​ကြောင်း​တစ်​စုံ​တစ်​ခု​ကြောင့် သင်​တို့​ကို ငါ​တွေ့​မြင်​လို​သည့်​အ​တိုင်း မ​တွေ့​မြင်​ရ​သ​ကဲ့​သို့ ငါ့​ကို​လည်း သင်​တို့​တွေ့​မြင်​လို​သည့်​အ​တိုင်း မ​တွေ့​မြင်​ရ​မည်​ကို​လည်း​ကောင်း၊ ပ​ဋိ​ပက္ခ​ဖြစ်​ခြင်း၊ မ​နာ​လို​ခြင်း၊ ဒေါ​သ​ကြီး​ခြင်း၊ တစ်​ကိုယ်​ကောင်း​ဆန်​ခြင်း၊ ပုတ်​ခတ်​ပြော​ဆို​ခြင်း၊ အ​တင်း​အ​ဖျင်း​ပြော​ဆို​ခြင်း၊ မာ​န​ထောင်​လွှား​ခြင်း​နှင့် ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​များ ရှိ​မည်​ကို​လည်း​ကောင်း ငါ​စိုး​ရိမ်​၏။