ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 12:2-8 MSB

2 လွန်​ခဲ့​သော​တစ်​ဆယ့်​လေး​နှစ်​က တ​တိ​ယ​ကောင်း​ကင်​တိုင်​အောင် ချီ​ဆောင်​ခြင်း​ခံ​ရ​သည့် ခ​ရစ်​တော်​၌​တည်​သော​လူ​တစ်​ဦး​ကို ငါ​သိ​၏။ သူ​သည် ကိုယ်​ခန္ဓာ​ပါ​လျက် ချီ​ဆောင်​ခြင်း​ခံ​ရ​သ​လော သို့​မ​ဟုတ် ကိုယ်​ခန္ဓာ​မ​ပါ​ဘဲ ချီ​ဆောင်​ခြင်း​ခံ​ရ​သ​လော ငါ​မ​သိ။ ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။

3 သူ​သည် ပ​ရ​ဒိ​သု​ဘုံ​ထဲ​သို့ ချီ​ဆောင်​ခြင်း​ခံ​ရ​၏။ ထို​သို့​ချီ​ဆောင်​ခြင်း​ခံ​ရာ​၌ ကိုယ်​ခန္ဓာ​ပါ​လျက် ချီ​ဆောင်​ခြင်း​ခံ​ရ​သ​လော သို့​မ​ဟုတ် ကိုယ်​ခန္ဓာ​မ​ပါ​ဘဲ ချီ​ဆောင်​ခြင်း​ခံ​ရ​သ​လော ငါ​မ​သိ။ ဘု​ရား​သ​ခင်​သိ​တော်​မူ​၏။

4 သူ​သည် လူ​တို့​ပြော​ခွင့်​မ​ရှိ၊ ပြော​ပြ​၍​လည်း​မ​ရ​နိုင်​သော​စ​ကား​တို့​ကို ကြား​ခဲ့​ရ​၏။

5 ထို​သို့​သော​သူ​နှင့်​ပတ်​သက်​၍ ငါ​ဝါ​ကြွား​မည်။ ငါ​နှင့်​ပတ်​သက်​၍​မူ​ကား ငါ​၏​အား​နည်း​ခြင်း​အ​ကြောင်း​မှ​တစ်​ပါး ဝါ​ကြွား​ခြင်း​ကို ငါ​မ​ပြု။

6 ငါ​သည် ဝါ​ကြွား​ရန်​အ​လို​ရှိ​လျှင်​လည်း အ​မှန်​ကို​သာ​ပြော​မည်​ဖြစ်​၍ မိုက်​မဲ​သော​သူ​ဖြစ်​မည်​မ​ဟုတ်။ သို့​သော် မည်​သူ​မျှ ငါ့​ကို​မြင်​ရ​သည်​ထက် သို့​မ​ဟုတ် ငါ့​အ​ကြောင်း​ကို ကြား​ရ​သည်​ထက်​ပို​၍ ငါ့​ကို​မ​ထင်​မြင်​မိ​စေ​ရန် ငါ​မ​ဝါ​ကြွား​ဘဲ​နေ​မည်။

7 ငါ​ခံ​ရ​သော​ဗျာ​ဒိတ်​တော်​သည် အ​လွန်​ထူး​မြတ်​သော​ကြောင့် ငါ​မ​ထောင်​လွှား​စေ​ရန် ငါ​၏​ကိုယ်​ကာ​ယ​ထဲ​၌ ဆူး​တစ်​ခု​ကို​ပေး​၏။ ၎င်း​မှာ ငါ​မ​ထောင်​လွှား​စေ​ရန် ငါ့​ကို​ထိုး​နှက်​သည့် စာ​တန်​၏​စေ​တ​မန်​ဖြစ်​၏။

8 ဤ​ကိစ္စ​နှင့်​ပတ်​သက်​၍ ၎င်း​ကို ငါ့​ထံ​မှ​ဖယ်​ရှား​ပေး​ပါ​မည့်​အ​ကြောင်း သ​ခင်​ဘု​ရား​ထံ သုံး​ကြိမ်​တိုင်​တိုင် ငါ​တောင်း​လျှောက်​ခဲ့​၏။