1 ထို့ကြောင့် ငါသည် သင်တို့ထံသို့လာ၍ သင်တို့ကိုဝမ်းနည်းစေသည့်အဖြစ်မျိုးကို နောက်တစ်ဖန်မဖြစ်စေရန် ငါဆုံးဖြတ်ထား၏။
2 အကြောင်းမူကား ငါသည် သင်တို့ကိုဝမ်းနည်းစေလျှင် ငါ့ကြောင့်ဝမ်းနည်းရသူမှတစ်ပါး မည်သူသည် ငါ့ကိုဝမ်းမြောက်စေမည်နည်း။
3 ငါလာသောအခါ ငါ့ကိုဝမ်းမြောက်စေရမည့်သူများသည် ငါ့ကိုဝမ်းနည်းစေမည်စိုး၍ ဤအကြောင်းအရာကို ငါရေးလိုက်ခြင်းဖြစ်၏။ ငါ၏ဝမ်းမြောက်ခြင်းသည် သင်တို့ရှိသမျှ၏ဝမ်းမြောက်ခြင်းဖြစ်သည်ဟု သင်တို့အားလုံးနှင့်ပတ်သက်၍ ငါယုံကြည်စိတ်ချလျက်ရှိ၏။
4 သင်တို့ကိုဝမ်းနည်းစေရန်မဟုတ်ဘဲ သင်တို့အပေါ် ငါထားရှိသော ကြွယ်ဝသည့်ချစ်ခြင်းမေတ္တာကို သင်တို့သိစေရန် ငါသည် ကြီးစွာသောစိတ်ဆင်းရဲခြင်းနှင့် ပူဆွေးခြင်းထဲမှ မျက်ရည်များစွာဖြင့် သင်တို့ထံသို့ရေးလိုက်ခြင်းဖြစ်၏။
5 သို့သော် တစ်စုံတစ်ယောက်သည် ဝမ်းနည်းခြင်းကိုဖြစ်စေခဲ့လျှင် သူသည် ငါ့ကိုဝမ်းနည်းစေသည်မဟုတ်ဘဲ မယုတ်မလွန်ပြောရလျှင် အတိုင်းအတာတစ်ခုအထိ သင်တို့အားလုံးကိုဝမ်းနည်းစေခဲ့၏။
6 လူအများစုထံမှ ထိုသူခံရသောအပြစ်ဒဏ်သည် သူ့အတွက် လုံလောက်ပေ၏။