ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 2:1-7 MSB

1 ထို့​ကြောင့် ငါ​သည် သင်​တို့​ထံ​သို့​လာ​၍ သင်​တို့​ကို​ဝမ်း​နည်း​စေ​သည့်​အ​ဖြစ်​မျိုး​ကို နောက်​တစ်​ဖန်​မ​ဖြစ်​စေ​ရန် ငါ​ဆုံး​ဖြတ်​ထား​၏။

2 အ​ကြောင်း​မူ​ကား ငါ​သည် သင်​တို့​ကို​ဝမ်း​နည်း​စေ​လျှင် ငါ့​ကြောင့်​ဝမ်း​နည်း​ရ​သူ​မှ​တစ်​ပါး မည်​သူ​သည် ငါ့​ကို​ဝမ်း​မြောက်​စေ​မည်​နည်း။

3 ငါ​လာ​သော​အ​ခါ ငါ့​ကို​ဝမ်း​မြောက်​စေ​ရ​မည့်​သူ​များ​သည် ငါ့​ကို​ဝမ်း​နည်း​စေ​မည်​စိုး​၍ ဤ​အ​ကြောင်း​အ​ရာ​ကို ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။ ငါ​၏​ဝမ်း​မြောက်​ခြင်း​သည် သင်​တို့​ရှိ​သ​မျှ​၏​ဝမ်း​မြောက်​ခြင်း​ဖြစ်​သည်​ဟု သင်​တို့​အား​လုံး​နှင့်​ပတ်​သက်​၍ ငါ​ယုံ​ကြည်​စိတ်​ချ​လျက်​ရှိ​၏။

4 သင်​တို့​ကို​ဝမ်း​နည်း​စေ​ရန်​မ​ဟုတ်​ဘဲ သင်​တို့​အ​ပေါ် ငါ​ထား​ရှိ​သော ကြွယ်​ဝ​သည့်​ချစ်​ခြင်း​မေတ္တာ​ကို သင်​တို့​သိ​စေ​ရန် ငါ​သည် ကြီး​စွာ​သော​စိတ်​ဆင်း​ရဲ​ခြင်း​နှင့် ပူ​ဆွေး​ခြင်း​ထဲ​မှ မျက်​ရည်​များ​စွာ​ဖြင့် သင်​တို့​ထံ​သို့​ရေး​လိုက်​ခြင်း​ဖြစ်​၏။

5 သို့​သော် တစ်​စုံ​တစ်​ယောက်​သည် ဝမ်း​နည်း​ခြင်း​ကို​ဖြစ်​စေ​ခဲ့​လျှင် သူ​သည် ငါ့​ကို​ဝမ်း​နည်း​စေ​သည်​မ​ဟုတ်​ဘဲ မ​ယုတ်​မ​လွန်​ပြော​ရ​လျှင် အ​တိုင်း​အ​တာ​တစ်​ခု​အ​ထိ သင်​တို့​အား​လုံး​ကို​ဝမ်း​နည်း​စေ​ခဲ့​၏။

6 လူ​အ​များ​စု​ထံ​မှ ထို​သူ​ခံ​ရ​သော​အ​ပြစ်​ဒဏ်​သည် သူ့​အ​တွက် လုံ​လောက်​ပေ​၏။

7 ထို့​ကြောင့် ယ​ခု​အ​ခါ​တွင် သင်​တို့​သည် သူ့​ကို​ခွင့်​လွှတ်​၍ နှစ်​သိမ့်​ပေး​သင့်​၏။ သို့​မ​ဟုတ်​လျှင် သူ​သည် ကြီး​စွာ​သော​ဝမ်း​နည်း​ခြင်း​၌ နစ်​မွန်း​သွား​လိမ့်​မည်။