ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 2:13-17 MSB

13 ငါ့​ညီ​တိ​တု​ကို​မ​တွေ့​ရ​သော​ကြောင့် ငါ​သည် စိတ်​မ​သာ​မ​ယာ​ဖြစ်​၍ ထို​သူ​တို့​ကို​နှုတ်​ဆက်​ပြီး​လျှင် မာ​ကေ​ဒေါ​နိ​ပြည်​သို့ ငါ​ထွက်​ခွာ​သွား​၏။

14 သို့​သော် ငါ​တို့​ကို ခ​ရစ်​တော်​၌ အ​စဉ်​အ​မြဲ​အောင်​ပွဲ​ခံ​စေ​၍ ကိုယ်​တော်​ကို​သိ​သော​ဉာဏ်​၏​ရ​နံ့​ကို နေ​ရာ​တိုင်း​၌ ငါ​တို့​အား​ဖြင့်​ပျံ့​နှံ့​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ငါ​ချီး​မွမ်း​၏။

15 အ​ကြောင်း​မူ​ကား ငါ​တို့​သည် ကယ်​တင်​ခြင်း​ခံ​ရ​သော​သူ​တို့​တွင်​လည်း​ကောင်း၊ ပျက်​စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​တွင်​လည်း​ကောင်း ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ခ​ရစ်​တော်​၏​မွှေး​ကြိုင်​သော​ရ​နံ့​ဖြစ်​ကြ​၏။

16 အ​ချို့​သော​သူ​တို့​အ​တွက် သေ​ခြင်း​သို့​ပို့​ဆောင်​သည့် သေ​ခြင်း​၏​ရ​နံ့​ဖြစ်​ကြ​ပြီး အ​ချို့​သော​သူ​တို့​အ​တွက်​ကား အ​သက်​ရှင်​ခြင်း​သို့​ပို့​ဆောင်​သည့် အ​သက်​ရှင်​ခြင်း​၏​ရ​နံ့​ဖြစ်​ကြ​၏။ သို့​ဖြစ်​လျှင် ဤ​အ​မှု​အ​ရာ​များ​နှင့် မည်​သူ​သည် ထိုက်​တန်​သ​နည်း။

17 အ​ကြောင်း​မူ​ကား ငါ​တို့​သည် များ​စွာ​သော​သူ​တို့​ပြု​သ​ကဲ့​သို့ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို လှည့်​လည်​ရောင်း​စား​၍​အ​မြတ်​ထုတ်​ကြ​သည်​မ​ဟုတ်​ဘဲ ဖြူ​စင်​သော​သူ၊ ဘု​ရား​သ​ခင်​ထံ​မှ စေ​လွှတ်​ခြင်း​ခံ​ရ​သော​သူ​အ​ဖြစ် ဘု​ရား​သ​ခင်​ရှေ့​တော်​၌ ခ​ရစ်​တော်​ကို​အ​မှီ​ပြု​၍ ငါ​တို့​ဟော​ပြော​ကြ​၏။