ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 2:7-13 MSB

7 ထို့​ကြောင့် ယ​ခု​အ​ခါ​တွင် သင်​တို့​သည် သူ့​ကို​ခွင့်​လွှတ်​၍ နှစ်​သိမ့်​ပေး​သင့်​၏။ သို့​မ​ဟုတ်​လျှင် သူ​သည် ကြီး​စွာ​သော​ဝမ်း​နည်း​ခြင်း​၌ နစ်​မွန်း​သွား​လိမ့်​မည်။

8 ထို့​ကြောင့် သင်​တို့​သည် ထို​သူ​အ​ပေါ်​မေတ္တာ​ပြ​ရန် သင်​တို့​အား ငါ​တောင်း​ပန်​၏။

9 သင်​တို့​သည် အ​ရာ​ရာ​၌ နာ​ခံ​မှု​ရှိ​မ​ရှိ ငါ​သိ​ရှိ​နိုင်​ရန်​အ​တွက် သင်​တို့​ကို​စမ်း​သပ်​သည့်​အ​နေ​ဖြင့် ထို​စာ​ကို​ငါ​ရေး​သား​ခဲ့​ခြင်း​ဖြစ်​၏။

10 သင်​တို့​ခွင့်​လွှတ်​သော​သူ​ကို ငါ​သည်​လည်း​ခွင့်​လွှတ်​၏။ ငါ​သည် တစ်​စုံ​တစ်​ဦး​ကို​ခွင့်​လွှတ်​လျှင် သင်​တို့​အ​တွက် ခ​ရစ်​တော်​၏​ရှေ့​တော်​၌​ခွင့်​လွှတ်​၏။

11 ဤ​သည်​ကား စာ​တန်​သည် ငါ​တို့​အ​ပေါ်​အ​မြတ်​မ​ထုတ်​စေ​ရန်​အ​တွက်​ဖြစ်​၏။ အ​ကြောင်း​မူ​ကား ငါ​တို့​သည် သူ​၏​တွေး​တော​ကြံ​စည်​မှု​များ​ကို မ​သိ​သည်​မ​ဟုတ်။

12 ငါ​သည် ခ​ရစ်​တော်​၏​ကောင်း​မြတ်​သော​သ​တင်း​အ​တွက် တ​ရော​မြို့​သို့​ရောက်​သော​အ​ခါ သ​ခင်​ဘု​ရား​သည် ငါ့​အ​တွက်​တံ​ခါး​ဖွင့်​ပေး​ခဲ့​သော်​လည်း

13 ငါ့​ညီ​တိ​တု​ကို​မ​တွေ့​ရ​သော​ကြောင့် ငါ​သည် စိတ်​မ​သာ​မ​ယာ​ဖြစ်​၍ ထို​သူ​တို့​ကို​နှုတ်​ဆက်​ပြီး​လျှင် မာ​ကေ​ဒေါ​နိ​ပြည်​သို့ ငါ​ထွက်​ခွာ​သွား​၏။