ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 4:10-16 MSB

10 ယေ​ရှု​၏​အ​သက်​ရှင်​တော်​မူ​ခြင်း​သည် ငါ​တို့​၏​ကိုယ်​ခန္ဓာ​၌ ထင်​ရှား​မည့်​အ​ကြောင်း ယေ​ရှု​၏​အ​သေ​ခံ​တော်​မူ​ခြင်း​ကို ငါ​တို့​ကိုယ်​ခန္ဓာ​၌ အ​စဉ်​ဆောင်​ထား​ကြ​၏။

11 ယေ​ရှု​၏​အ​သက်​ရှင်​တော်​မူ​ခြင်း​သည် သေ​တတ်​သော​ငါ​တို့​၏​ကိုယ်​ကာ​ယ​၌ ထင်​ရှား​မည့်​အ​ကြောင်း အ​သက်​ရှင်​လျက်​ရှိ​သော​ငါ​တို့​သည် ယေ​ရှု​ကြောင့် သေ​ခြင်း​လက်​သို့ အ​စဉ်​မ​ပြတ်​အပ်​နှံ​ခြင်း​ကို​ခံ​ရ​ကြ​၏။

12 ဤ​သို့​ဖြင့် သေ​ခြင်း​သည် ငါ​တို့​၌​အ​လုပ်​လုပ်​လျက်​နေ​၍ အ​သက်​ရှင်​ခြင်း​သည် သင်​တို့​၌​အ​လုပ်​လုပ်​လျက်​နေ​၏။

13 “ငါ​ယုံ​ကြည်​သော​ကြောင့် ငါ​ဟော​ပြော​၏”​ဟု ရေး​ထား​သည့်​အ​တိုင်း ထို​ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်​သော​ဝိ​ညာဉ်​တော်​ကို ငါ​တို့​ရ​ရှိ​ကြ​သည်​ဖြစ်​၍ ငါ​တို့​သည်​လည်း ယုံ​ကြည်​သော​ကြောင့် ဟော​ပြော​ကြ​၏။

14 အ​ဘယ်​ကြောင့်​ဆို​သော် သ​ခင်​ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​သော​အ​ရှင်​သည် ငါ​တို့​ကို​လည်း ယေ​ရှု​နှင့်​အ​တူ​ထ​မြောက်​စေ​၍ သင်​တို့​နှင့်​အ​တူ ရှေ့​တော်​သို့​ခေါ်​သွင်း​တော်​မူ​မည်​ဖြစ်​ကြောင်း ငါ​တို့​သိ​ကြ​၏။

15 ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အ​တွက်​ဖြစ်​၏။ ဤ​သည်​ကား များ​စွာ​သော​သူ​တို့​၌ ကျေး​ဇူး​တော်​သည်​တိုး​ပွား​လာ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​အ​တွက် ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​ကို ကြွယ်​ဝ​ပြည့်​စုံ​စေ​မည့်​အ​ကြောင်း​တည်း။

16 ထို့​ကြောင့် ငါ​တို့​သည် စိတ်​ပျက်​အား​လျော့​ခြင်း​မ​ရှိ​ကြ။ ငါ​တို့​၏​ပြင်​ပ​လူ့​ခန္ဓာ​သည် ယို​ယွင်း​ပျက်​စီး​နေ​သော်​လည်း ငါ​တို့​၏​အ​တွင်း​ဝိ​ညာဉ်​မူ​ကား တစ်​နေ့​ထက်​တစ်​နေ့ အ​သစ်​ပြု​ပြင်​ခြင်း​ကို​ခံ​ရ​၏။