ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 4:2-8 MSB

2 ငါ​တို့​သည် ကွယ်​ဝှက်​ထား​သည့် ရှက်​ဖွယ်​ရာ​များ​ကို​စွန့်​ပယ်​၍ ပ​ရိ​ယာယ်​၌​ကျင်​လည်​ခြင်း၊ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို မ​လိမ့်​တ​ပတ်​လုပ်​ခြင်း​တို့​မ​ရှိ​ဘဲ သမ္မာ​တ​ရား​ကို အ​တိ​အ​လင်း​ဖော်​ပြ​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ လူ​အ​ပေါင်း​တို့​၏​အ​သိ​စိတ်​တွင် မိ​မိ​တို့​ကိုယ်​ကို​ထင်​ရှား​စေ​ကြ​၏။

3 ငါ​တို့​ဟော​ပြော​သည့် ကောင်း​မြတ်​သော​သ​တင်း​သည် ဖုံး​အုပ်​ခြင်း​ခံ​ရ​သည်​ဆို​လျှင် ပျက်​စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​၌​သာ ဖုံး​အုပ်​ခြင်း​ခံ​ရ​၏။

4 ထို​သူ​တို့​နှင့်​ပတ်​သက်​၍​ပြော​ရ​လျှင် ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​ဖြစ်​သော ခ​ရစ်​တော်​၏​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သည့် ကောင်း​မြတ်​သော​သ​တင်း​၏​အ​လင်း​ရောင်​ကို​မ​မြင်​စေ​ရန် ဤ​လော​က​၏​ဘု​ရား​သည် မ​ယုံ​ကြည်​သော​သူ​တို့​၏​စိတ်​နှ​လုံး​ကို ကွယ်​စေ​၏။

5 အ​ကြောင်း​မူ​ကား ငါ​တို့​သည် မိ​မိ​တို့​အ​ကြောင်း​ကို ဟော​ပြော​ကြ​သည်​မ​ဟုတ်​ဘဲ ယေ​ရှု​ခ​ရစ်​တော်​သည် အ​ရှင်​သ​ခင်​ဖြစ်​ကြောင်း​ကို ဟော​ပြော​ကြ​၏။ ငါ​တို့​ကိုယ်​တိုင်​မူ​ကား ယေ​ရှု​အ​တွက် သင်​တို့​၏​အ​စေ​အ​ပါး​များ​ဖြစ်​ကြ​၏။

6 “အ​မှောင်​ထဲ​မှ အ​လင်း​ထွန်း​လင်း​စေ”​ဟု မိန့်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ယေ​ရှု​ခ​ရစ်​တော်​၏​မျက်​နှာ​တော်​၌​ထွန်း​လင်း​သည့် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​သိ​သော​ဉာဏ်​အ​လင်း​ရောင်​အား ငါ​တို့​စိတ်​နှ​လုံး​ထဲ​၌ ထွန်း​လင်း​စေ​တော်​မူ​၏။

7 သို့​သော် အ​လွန်​ထူး​မြတ်​သော ဤ​တန်​ခိုး​သည် ငါ​တို့​ထံ​မှ​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​ထံ​မှ​ဖြစ်​ကြောင်း ထင်​ရှား​စေ​ရန် ငါ​တို့​သည် ဤ​ရ​တ​နာ​ကို မြေ​အိုး​ထဲ​၌​ဆောင်​ထား​ကြ​၏။

8 ငါ​တို့​သည် အ​ဘက်​ဘက်​မှ​နှိပ်​စက်​ခြင်း​ခံ​ရ​သော်​လည်း ချေ​မှုန်း​ခြင်း​မ​ခံ​ရ။ တွေး​မ​ရ​ဖြစ်​သော်​လည်း မျှော်​လင့်​ချက်​ကင်း​မဲ့​သည်​ဟူ​၍​မ​ရှိ။