ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 5:15-21 MSB

15 ထို​သို့ လူ​အ​ပေါင်း​တို့​အ​တွက် ကိုယ်​တော်​အ​သေ​ခံ​တော်​မူ​ခြင်း​မှာ အ​သက်​ရှင်​သော​သူ​တို့​သည် မိ​မိ​တို့​အ​တွက် အ​သက်​မ​ရှင်​တော့​ဘဲ သူ​တို့​အ​တွက်​အ​သေ​ခံ​တော်​မူ​ပြီး ထ​မြောက်​တော်​မူ​သော​အ​ရှင်​အ​တွက် အ​သက်​ရှင်​ကြ​ရန်​ဖြစ်​၏။

16 ထို့​ကြောင့် ယ​ခု​မှ​စ​၍ ငါ​တို့​သည် မည်​သူ့​ကို​မျှ သွေး​သား​ဇာ​တိ​သ​ဘော​ဖြင့် မ​သိ​မှတ်​တော့​ပေ။ ငါ​တို့​သည် ခ​ရစ်​တော်​ကို သွေး​သား​ဇာ​တိ​သ​ဘော​ဖြင့် သိ​မှတ်​ခဲ့​လျှင်​လည်း ယ​ခု​တွင် ထို​သို့​မ​သိ​မှတ်​တော့​ပေ။

17 သို့​ဖြစ်​၍ မည်​သူ​မ​ဆို ခ​ရစ်​တော်​၌​ရှိ​လျှင် အ​သစ်​ဖန်​ဆင်း​ခံ​ရ​သူ​ဖြစ်​၏။ ဟောင်း​သော​အ​ရာ​တို့​သည် ကွယ်​ပျောက်​သွား​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​သစ်​ဖြစ်​ကြ​လေ​ပြီ။

18 ဤ​အ​ရာ​အား​လုံး​တို့​သည် ဘု​ရား​သ​ခင်​ထံ​မှ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​အား​ဖြင့် ငါ​တို့​ကို မိ​မိ​နှင့်​ပြန်​လည်​သင့်​မြတ်​စေ​၍ ငါ​တို့​အား ပြန်​လည်​သင့်​မြတ်​ခြင်း​နှင့်​ဆိုင်​သော​အ​မှု​တော်​ကို ပေး​အပ်​တော်​မူ​၏။

19 ဆို​လို​သည်​မှာ ဘု​ရား​သ​ခင်​သည် လော​ကီ​သား​တို့​ကျူး​လွန်​သော​အ​ပြစ်​များ​ကို သူ​တို့​အ​ပေါ်​သင့်​ရောက်​စေ​တော်​မ​မူ​ဘဲ သူ​တို့​ကို ခ​ရစ်​တော်​၌ မိ​မိ​နှင့်​ပြန်​လည်​သင့်​မြတ်​စေ​တော်​မူ​ပြီး ပြန်​လည်​သင့်​မြတ်​ခြင်း​တ​ရား​ကို ငါ​တို့​၌​အပ်​ထား​တော်​မူ​၏။

20 ထို​သို့ ဘု​ရား​သ​ခင်​သည် ငါ​တို့​မှ​တစ်​ဆင့် တိုက်​တွန်း​တော်​မူ​သည်​ဖြစ်​၍ ငါ​တို့​သည် ခ​ရစ်​တော်​၏​သံ​တ​မန်​များ​ဖြစ်​ကြ​၏။ ထို့​ကြောင့် “ဘု​ရား​သ​ခင်​နှင့်​ပြန်​လည်​သင့်​မြတ်​ကြ​လော့”​ဟု ခ​ရစ်​တော်​၏​ကိုယ်​စား ငါ​တို့​တောင်း​ပန်​ကြ​၏။

21 ဘု​ရား​သ​ခင်​သည် အ​ပြစ်​ကင်း​စင်​သော​အ​ရှင်​ကို ငါ​တို့​အ​တွက် အ​ပြစ်​ဖြစ်​သွား​စေ​တော်​မူ​၏။ ဤ​သည်​ကား ငါ​တို့​သည် ထို​အ​ရှင်​အား​ဖြင့် ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​ခြင်း​ဖြစ်​လာ​မည့်​အ​ကြောင်း​တည်း။