10 ဤကျေးဇူးပြုခြင်းအမှုနှင့်ပတ်သက်၍ အကြံတစ်ခုကို ငါပေးမည်။ ဤအကြံကား လွန်ခဲ့သောနှစ်ကတည်းက ဤအမှုကို အစပြုခဲ့သည်သာမက ပြုလုပ်ရန်လည်း ဆန္ဒရှိကြသောသင်တို့အတွက် အကျိုးရှိ၏။
11 သင်တို့သည် ဆောင်ရွက်လိုသည့်စေတနာစိတ်ရှိသည့်အတိုင်း ရှိသည့်အရာဖြင့် ပြီးစီးအောင်ဆောင်ရွက်နိုင်ရန် ယခု ထိုအမှုကိုပြီးစီးအောင် ဆောင်ရွက်ကြလော့။
12 အကြောင်းမူကား စေတနာစိတ်ရှိလျှင် မရှိသည့်အရာကိုမထောက်ဘဲ ရှိသည့်အရာကိုထောက်၍ နှစ်သက်လက်ခံတော်မူ၏။
13 ဤအမှုအရာအားဖြင့် အခြားသူတို့ကိုသက်သာစေ၍ သင်တို့ကိုဒုက္ခရောက်စေရန်မဟုတ်။ ညီတူညီမျှဖြစ်စေရန်သာဖြစ်၏။
14 ယခုအချိန်တွင် သင်တို့၏ကြွယ်ဝမှုသည် သူတို့၏လိုအပ်မှုကို ဖြည့်ဆည်းပေးလျှင် သူတို့၏ကြွယ်ဝမှုသည်လည်း သင်တို့၏လိုအပ်မှုကို ဖြည့်ဆည်းပေးကြလိမ့်မည်။
15 ထိုအခါ “များများရသောသူလည်းမပို နည်းနည်းရသောသူလည်းမလို”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်း ညီတူညီမျှဖြစ်လိမ့်မည်။
16 သင်တို့အပေါ် ငါထားရှိသော စိတ်အားထက်သန်မှုမျိုးကို တိတု၏စိတ်နှလုံးထဲ၌ ထည့်သွင်းပေးတော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကိုငါချီးမွမ်း၏။