ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင် 9:10-15 MSB

10 မျိုး​ကြဲ​သော​သူ​အား မျိုး​စေ့​ကို​ပေး​၍ အ​စာ​အ​တွက် မုန့်​ကို​ပေး​တော်​မူ​သော​အ​ရှင်​သည် သင်​တို့​၏​မျိုး​စေ့​ကို​လည်း ပြင်​ဆင်​ပေး​၍ ပွား​များ​စေ​ကာ သင်​တို့​၏​ဖြောင့်​မတ်​ခြင်း​ဆိုင်​ရာ အ​သီး​အ​ပွင့်​တို့​ကို တိုး​ပွား​စေ​တော်​မူ​လိမ့်​မည်။

11 ထို​အ​ခါ သင်​တို့​သည် ရက်​ရော​စွာ​ပေး​ကမ်း​ခြင်း​အ​လုံး​စုံ​တို့​အ​တွက် အ​ရာ​ရာ​၌ ကြွယ်​ဝ​ပြည့်​စုံ​သ​ဖြင့် ထို​အ​မှု​အ​ရာ​သည် ငါ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​ကို​ဖြစ်​စေ​၏။

12 အ​ဘယ်​ကြောင့်​ဆို​သော် ဤ​ကူ​ညီ​ထောက်​မ​ခြင်း​အ​မှု​သည် သန့်​ရှင်း​သူ​တို့​လို​အပ်​သည့်​အ​ရာ​များ​ကို ဖြည့်​ဆည်း​ပေး​သည်​သာ​မ​က ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​ကို​လည်း များ​စွာ​တိုး​ပွား​စေ​၏။

13 သူ​တို့​သည် ခ​ရစ်​တော်​၏​ကောင်း​မြတ်​သော​သ​တင်း​ကို ဝန်​ခံ​ခြင်း​အား​ဖြင့်​ဖြစ်​လာ​သည့် သင်​တို့​၏​နာ​ခံ​မှု​ကို​လည်း​ကောင်း၊ သူ​တို့​မှ​စ​၍ လူ​အ​ပေါင်း​တို့​အား သင်​တို့​ရက်​ရော​စွာ​ပေး​ကမ်း​ဝေ​မျှ​သော​အ​မှု​ကို​လည်း​ကောင်း ထောက်​၍ ဤ​ကူ​ညီ​ထောက်​မ​ခြင်း​အ​မှု​၌ ထင်​ရှား​သော​သက်​သေ​အ​တွက် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​ချီး​မွမ်း​ကြ​လိမ့်​မည်။

14 ထို့​ပြင် သင်​တို့​အ​ပေါ်​သက်​ရောက်​သည့် ဘု​ရား​သ​ခင်​၏​ထူး​ကဲ​သော​ကျေး​ဇူး​တော်​ကြောင့် သူ​တို့​သည် သင်​တို့​ကို​လွမ်း​ဆွတ်​လျက် သင်​တို့​အ​တွက် ဆု​တောင်း​ပေး​ကြ​လိမ့်​မည်။

15 ပြော​၍​မ​ကုန်​နိုင်​သော ကိုယ်​တော်​၏​ကောင်း​ချီး​လက်​ဆောင်​အ​တွက် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။