24 မည်သူမျှ ကိုယ်ကျိုးကိုမရှာနှင့်။ လူတိုင်း သူတစ်ပါးအကျိုးကိုရှာစေ။
25 ဈေး၌ရောင်းသမျှသောအသားကို အသိစိတ်အတွက်ကြောင့် စစ်ဆေးမေးမြန်းခြင်းမပြုဘဲ စားကြလော့။
26 အကြောင်းမူကား “မြေကြီးနှင့် မြေကြီးပေါ်၌ရှိသမျှသောအရာတို့ကို ထာဝရဘုရားပိုင်ဆိုင်တော်မူ၏။”
27 မယုံကြည်သူတစ်စုံတစ်ယောက်က သင်တို့ကိုဖိတ်ခေါ်၍ သင်တို့သွားလိုလျှင် သင်တို့ရှေ့၌တည်ခင်းသမျှသောအရာကို အသိစိတ်အတွက်ကြောင့် စစ်ဆေးမေးမြန်းခြင်းမပြုဘဲ စားကြလော့။
28 သို့သော် တစ်စုံတစ်ယောက်က “ဤအရာသည် ရုပ်တုအားပူဇော်ထားသောအရာဖြစ်သည်”ဟု သင်တို့ကိုဆိုခဲ့လျှင် ထိုသို့ဆိုသောသူအတွက်လည်းကောင်း၊ အသိစိတ်အတွက်လည်းကောင်း ထိုအရာကိုမစားကြနှင့်။
29 အသိစိတ်ဟုဆိုရာ၌ သင်တို့၏အသိစိတ်ကိုဆိုလိုသည်မဟုတ်ဘဲ အခြားသူ၏အသိစိတ်ကိုဆိုလို၏။ အကြောင်းမူကား ငါ၏လွတ်လပ်မှုသည် သူတစ်ပါး၏အသိစိတ်ဖြင့် အဘယ်ကြောင့် စီရင်ခြင်းခံရမည်နည်း။
30 ငါသည် ကျေးဇူးတော်ချီးမွမ်းလျက်စားသုံးလျှင် ငါကျေးဇူးတော်ချီးမွမ်းသည့်အရာအတွက် အဘယ်ကြောင့် စော်ကားပြောဆိုခြင်းခံရမည်နည်း။