ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 14 MSB

မွန်​မြတ်​သော​ဆု​ကျေး​ဇူး​ဖြစ်​သည့်​ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း

1 ချစ်​ခြင်း​မေတ္တာ​ကို လက်​ကိုင်​ပြု​ကြ​လော့။ ထို့​ပြင် ဝိ​ညာဉ်​ဆု​ကျေး​ဇူး​များ၊ အ​ထူး​သ​ဖြင့် ပ​ရော​ဖက်​ပြု​ဟော​ပြော​နိုင်​သော​ဆု​ကျေး​ဇူး​ကို အ​လွန်​လို​ချင်​သော​စိတ်​ရှိ​ကြ​လော့။

2 အ​ကြောင်း​မူ​ကား အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သော​သူ​သည် လူ​တို့​အား ပြော​ဆို​သည်​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​အား ပြော​ဆို​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​စ​ကား​ကို မည်​သူ​မျှ​နား​မ​လည်​ချေ။ သူ​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​တို့​ကို ပြော​ဆို​နေ​ခြင်း​သာ​ဖြစ်​၏။

3 ပ​ရော​ဖက်​ပြု​ဟော​ပြော​သော​သူ​မူ​ကား တည်​ဆောက်​မြှင့်​တင်​ပေး​ခြင်း၊ တိုက်​တွန်း​အား​ပေး​ခြင်း​နှင့် နှစ်​သိမ့်​ခြင်း​တို့​အ​တွက် လူ​တို့​အား​ဟော​ပြော​၏။

4 အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သော​သူ​သည် မိ​မိ​ကို​သာ​တည်​ဆောက်​မြှင့်​တင်​၏။ ပ​ရော​ဖက်​ပြု​ဟော​ပြော​သော​သူ​မူ​ကား အ​သင်း​တော်​ကို တည်​ဆောက်​မြှင့်​တင်​ပေး​၏။

5 သင်​တို့​အား​လုံး​သည် အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ပြော​ဆို​နိုင်​ရန် ငါ​အ​လို​ရှိ​၏။ သို့​သော် ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​အ​မှု​ကို သင်​တို့​အား ပို​၍​ပြု​စေ​လို​၏။ အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သော​သူ​သည် အ​သင်း​တော်​ကို တည်​ဆောက်​မြှင့်​တင်​ပေး​ရန် ၎င်း​၏​အ​နက်​ကို​ဖွင့်​ခြင်း​မ​ရှိ​လျှင် ထို​သူ​ထက် ပ​ရော​ဖက်​ပြု​ဟော​ပြော​သော​သူ​သည် ပို​၍​ကြီး​မြတ်​၏။

6 သို့​ဖြစ်​၍ ညီ​အစ်​ကို​တို့၊ ငါ​သည် သင်​တို့​ထံ​လာ​၍ အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ပြော​ဆို​သော်​လည်း ဗျာ​ဒိတ်​တော်​အား​ဖြင့်​ဖြစ်​စေ၊ အ​သိ​ပ​ညာ​အား​ဖြင့်​ဖြစ်​စေ၊ ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​အား​ဖြင့်​ဖြစ်​စေ၊ သွန်​သင်​သည့်​စ​ကား​အား​ဖြင့်​ဖြစ်​စေ မ​ဟော​ပြော​လျှင် သင်​တို့​အ​တွက် မည်​သည့်​အ​ကျိုး​ရှိ​မည်​နည်း။

7 ပ​လွေ သို့​မ​ဟုတ် စောင်း​ကဲ့​သို့​သော သက်​မဲ့​တူ​ရိ​ယာ​များ​ပင်​လျှင် ပီ​ပြင်​ပြတ်​သား​သော​သံ​စဉ်​မ​ထွက်​လျှင် မည်​သည့်​အ​ရာ​ကို မှုတ်​နေ​သည်​ကို​လည်း​ကောင်း၊ မည်​သည့်​အ​ရာ​ကို တီး​နေ​သည်​ကို​လည်း​ကောင်း မည်​သို့​သိ​နိုင်​မည်​နည်း။

8 တံ​ပိုး​ခ​ရာ​သည်​လည်း မ​သေ​ချာ​သော​အ​သံ​ကို​ပေး​လျှင် မည်​သူ​သည် တိုက်​ပွဲ​အ​တွက် ပြင်​ဆင်​လိမ့်​မည်​နည်း။

9 ထို​နည်း​တူ သင်​တို့​သည်​လည်း နား​မ​လည်​နိုင်​သော​သ​တင်း​စ​ကား​ကို အ​ခြား​သော​ဘာ​သာ​စ​ကား​ဖြင့် ပြော​ဆို​လျှင် ပြော​ဆို​သော​အ​ရာ​များ​ကို မည်​သို့​သိ​နိုင်​မည်​နည်း။ သင်​တို့​သည် လေ​ကို​စ​ကား​ပြော​နေ​ခြင်း​သာ ဖြစ်​လိမ့်​မည်။

10 ကမ္ဘာ​ပေါ်​တွင် ဘာ​သာ​စ​ကား​အ​မျိုး​အ​စား များ​စွာ​ရှိ​သည်​မှန်​သော်​လည်း အ​ဓိပ္ပာယ်​မဲ့​သော​စ​ကား​တစ်​ခု​မျှ​မ​ရှိ။

11 ထို့​ကြောင့် ဘာ​သာ​စ​ကား​၏​အ​နက်​အ​ဓိပ္ပာယ်​ကို ငါ​နား​မ​လည်​လျှင် ထို​စ​ကား​ကို​ပြော​ဆို​နေ​သူ​အ​တွက် ငါ​သည် တိုင်း​တစ်​ပါး​သား​ဖြစ်​သ​ကဲ့​သို့ ပြော​ဆို​နေ​သော​ထို​သူ​သည်​လည်း ငါ့​အ​တွက် တိုင်း​တစ်​ပါး​သား​ဖြစ်​လိမ့်​မည်။

12 သို့​ဖြစ်​၍ သင်​တို့​သည်​လည်း ဝိ​ညာဉ်​ဆု​ကျေး​ဇူး​များ​ကို​ရ​ရှိ​ရန် စိတ်​အား​ထက်​သန်​လျက်​ရှိ​ကြ​သည်​ဖြစ်​၍ အ​သင်း​တော်​ကို တည်​ဆောက်​မြှင့်​တင်​ပေး​ခြင်း​အ​တွက် ထို​ဆု​ကျေး​ဇူး​ဖြင့် ကြွယ်​ဝ​ပြည့်​စုံ​မည့်​အ​ကြောင်း ကြိုး​စား​အား​ထုတ်​ကြ​လော့။

13 ထို့​ကြောင့် အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သော​သူ​သည် အ​နက်​ဖွင့်​နိုင်​မည့်​အ​ကြောင်း ဆု​တောင်း​စေ။

14 အ​ကြောင်း​မူ​ကား အ​ခြား​သော​ဘာ​သာ​စ​ကား​အား​ဖြင့် ငါ​ဆု​တောင်း​လျှင် ငါ​၏​စိတ်​ဝိ​ညာဉ်​သည် ဆု​တောင်း​သော်​လည်း ငါ​၏​အ​သိ​စိတ်​မူ​ကား အ​ကျိုး​မ​ပေး။

15 သို့​ဖြစ်​လျှင် မည်​သို့​ဆို​ရ​မည်​နည်း။ ငါ​သည် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဆု​တောင်း​၍ အ​သိ​စိတ်​အား​ဖြင့်​လည်း ဆု​တောင်း​မည်။ စိတ်​ဝိ​ညာဉ်​အား​ဖြင့် သီ​ချင်း​ဆို​၍ အ​သိ​စိတ်​အား​ဖြင့်​လည်း သီ​ချင်း​ဆို​မည်။

16 သို့​မ​ဟုတ်​လျှင် သင်​သည် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ကျေး​ဇူး​တော်​ချီး​မွမ်း​သော​အ​ခါ ကျွမ်း​ဝင်​မှု​မ​ရှိ​သေး​သော အုပ်​စု​အ​ဝင်​ဖြစ်​သော​သူ​သည် သင်​ပြော​နေ​သည့်​စ​ကား​ကို နား​မ​လည်​သော​ကြောင့် သင်​၏​ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း​အ​တွက် ‘အာ​မင်’​ဟု မည်​သို့​ပြော​နိုင်​မည်​နည်း။

17 သင်​သည် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည်​မှာ ကောင်း​ပေ​၏။ သို့​သော် သူ​တစ်​ပါး​ကို တည်​ဆောက်​မြှင့်​တင်​ပေး​ခြင်း​မ​ရှိ။

18 ငါ​သည် သင်​တို့​အား​လုံး​ထက် အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ကို ပို​၍​ပြော​ဆို​ရ​သည့်​အ​တွက် ဘု​ရား​သ​ခင်​ကို​ကျေး​ဇူး​တင်​၏။

19 သို့​သော် အ​သင်း​တော်​ထဲ​၌ အ​ခြား​သော​ဘာ​သာ​စ​ကား​ဖြင့် စ​ကား​အ​ခွန်း​တစ်​သောင်း​ပြော​ခြင်း​ထက် သူ​တစ်​ပါး​တို့​ကို သွန်​သင်​နိုင်​ရန် ငါ​၏​အ​သိ​စိတ်​ဖြင့် စ​ကား​ငါး​ခွန်း​ပြော​ခြင်း​ကို သာ​၍ ငါ​အ​လို​ရှိ​၏။

20 ညီ​အစ်​ကို​တို့၊ စဉ်း​စား​ဆင်​ခြင်​မှု​နှင့်​ပတ်​သက်​၍ က​လေး​သူ​ငယ်​များ​မ​ဖြစ်​ကြ​နှင့်။ မ​ကောင်း​မှု​နှင့်​ပတ်​သက်​၍ က​လေး​သူ​ငယ်​များ​ကဲ့​သို့​ဖြစ်​ကြ​လျက် စဉ်း​စား​ဆင်​ခြင်​မှု​နှင့်​ပတ်​သက်​၍ စုံ​လင်​ရင့်​ကျက်​သော​သူ​များ​ဖြစ်​ကြ​လော့။

21 ပ​ညတ်​တ​ရား​ကျမ်း​၌ “ငါ​သည် ဤ​လူ​မျိုး​တို့​အား ထူး​ခြား​သော​ဘာ​သာ​စ​ကား​နှင့် တိုင်း​တစ်​ပါး​သား​များ​၏​နှုတ်​တို့​ဖြင့် ပြော​ဆို​မည်။ သို့​သော် သူ​တို့​သည် နား​ထောင်​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏”​ဟူ​၍ ရေး​ထား​၏။

22 သို့​ဖြစ်​၍ အ​ခြား​သော​ဘာ​သာ​စ​ကား​တို့​သည် ယုံ​ကြည်​သူ​တို့​အ​တွက် နိ​မိတ်​လက္ခ​ဏာ​မ​ဟုတ်​ဘဲ မ​ယုံ​ကြည်​သူ​တို့​အ​တွက် နိ​မိတ်​လက္ခ​ဏာ​ဖြစ်​၏။ ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​မူ​ကား မ​ယုံ​ကြည်​သူ​တို့​အ​တွက် နိ​မိတ်​လက္ခ​ဏာ​မ​ဟုတ်​ဘဲ ယုံ​ကြည်​သူ​တို့​အ​တွက် နိ​မိတ်​လက္ခ​ဏာ​ဖြစ်​၏။

23 ထို့​ကြောင့် အ​သင်း​တော်​တစ်​ခု​လုံး​စု​ဝေး​လျက် အား​လုံး​သည် အ​ခြား​သော​ဘာ​သာ​စ​ကား​များ​ပြော​ဆို​ကြ​စဉ် ကျွမ်း​ဝင်​မှု​မ​ရှိ​သေး​သော​သူ​များ သို့​မ​ဟုတ် မ​ယုံ​ကြည်​သူ​များ ဝင်​လာ​လျှင် သင်​တို့​ရူး​သွပ်​နေ​ပြီ​ဟု ပြော​ကြ​လိမ့်​မည် မ​ဟုတ်​လော။

24 သို့​သော် အား​လုံး​သည် ပ​ရော​ဖက်​ပြု​ဟော​ပြော​ကြ​စဉ် မ​ယုံ​ကြည်​သူ သို့​မ​ဟုတ် ကျွမ်း​ဝင်​မှု​မ​ရှိ​သေး​သော​သူ တစ်​စုံ​တစ်​ဦး​ဝင်​လာ​လျှင် သူ​သည် သင်​တို့​အား​လုံး​ကြောင့် အ​ပြစ်​ဖော်​ပြ​ခြင်း​ကို​ခံ​ရ​၍ သင်​တို့​အား​လုံး​၏​စစ်​ဆေး​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကာ

25 သူ​၏​စိတ်​နှ​လုံး​ထဲ​မှ ကွယ်​ဝှက်​ထား​သော​အ​ရာ​တို့​သည် ထင်​ရှား​လာ​သ​ဖြင့် “ဘု​ရား​သ​ခင်​သည် သင်​တို့​အ​လယ်​၌ အ​မှန်​ရှိ​တော်​မူ​၏”​ဟု ဝန်​ခံ​လျက် ဘု​ရား​သ​ခင်​ကို ပျပ်​ဝပ်​ရှိ​ခိုး​လိမ့်​မည်။

အ​စီ​အ​စဉ်​တ​ကျ​ဖြစ်​သော​ဝတ်​ပြု​ခြင်း

26 သို့​ဖြစ်​လျှင် ညီ​အစ်​ကို​တို့၊ မည်​သို့​ဆို​ရ​မည်​နည်း။ သင်​တို့​သည် စည်း​ဝေး​ကြ​သော​အ​ခါ ဆာ​လံ​သီ​ချင်း​ဆို​သော​သူ၊ သွန်​သင်​ပေး​သော​သူ၊ ဗျာ​ဒိတ်​တော်​ဟော​ပြော​သော​သူ၊ အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သော​သူ​နှင့် ထို​ဘာ​သာ​စ​ကား​၏​အ​နက်​ကို​ဖွင့်​သော​သူ အ​သီး​သီး​ရှိ​ကြ​၏။ ခပ်​သိမ်း​သော​အ​မှု​တို့​ကို တည်​ဆောက်​မြှင့်​တင်​ပေး​ခြင်း​အ​တွက် ပြု​ကြ​လော့။

27 အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​သော​သူ​ရှိ​လျှင် နှစ်​ဦး သို့​မ​ဟုတ် အ​များ​ဆုံး​သုံး​ဦး​က တစ်​လှည့်​စီ​ပြော​၍ တစ်​ဦး​က အ​နက်​ဖွင့်​စေ။

28 သို့​သော် အ​နက်​ဖွင့်​သူ​မ​ရှိ​လျှင် သူ​သည် အ​သင်း​တော်​၌ တိတ်​ဆိတ်​စွာ​နေ​၍ မိ​မိ​ကိုယ်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို​လည်း​ကောင်း ပြော​စေ။

29 ပ​ရော​ဖက်​နှစ်​ဦး သို့​မ​ဟုတ် သုံး​ဦး​တို့​သည် ဟော​ပြော​၍ အ​ခြား​သော​သူ​တို့​သည် ဆင်​ခြင်​သုံး​သပ်​ကြ​စေ။

30 သို့​သော် ထိုင်​နေ​သော​အ​ခြား​သူ​အား တစ်​စုံ​တစ်​ခု​ကို​ဖွင့်​ပြ​တော်​မူ​လျှင် ပ​ထ​မ​လူ​သည် တိတ်​ဆိတ်​စွာ​နေ​စေ။

31 အ​ကြောင်း​မူ​ကား လူ​တိုင်း​သွန်​သင်​ခြင်း​ခံ​ရ​၍ လူ​တိုင်း​တိုက်​တွန်း​နှိုး​ဆော်​ခြင်း​ခံ​ရ​မည့်​အ​ကြောင်း သင်​တို့​အား​လုံး​သည် တစ်​ဦး​ပြီး​တစ်​ဦး ပ​ရော​ဖက်​ပြု​ဟော​ပြော​နိုင်​၏။

32 ပ​ရော​ဖက်​တို့​၏​စိတ်​ဝိ​ညာဉ်​တို့​သည် ပ​ရော​ဖက်​တို့​ကို​နာ​ခံ​တတ်​၏။

33 အ​ကြောင်း​မူ​ကား ဘု​ရား​သ​ခင်​သည် ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​ခြင်း​နှင့်​ဆိုင်​သော​ဘု​ရား​မ​ဟုတ်​ဘဲ ငြိမ်​သက်​ခြင်း​နှင့်​ဆိုင်​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ သန့်​ရှင်း​သူ​တို့​၏​အ​သင်း​တော်​တိုင်း​၌ ပြု​ကျင့်​သ​ကဲ့​သို့

34 မိန်း​မ​တို့​သည် အ​သင်း​တော်​တွင် တိတ်​ဆိတ်​စွာ​နေ​ကြ​ရ​မည်။ အ​ကြောင်း​မူ​ကား သူ​တို့​၌ ဟော​ပြော​ရ​သော​အ​ခွင့်​မ​ရှိ။ ပ​ညတ်​တ​ရား​၌​လည်း​ဆို​ထား​သည့်​အ​တိုင်း သူ​တို့​သည် နာ​ခံ​မှု​ရှိ​ကြ​ရ​မည်။

35 သူ​တို့​သည် တစ်​စုံ​တစ်​ခု​ကို​သင်​ယူ​လို​လျှင် အိမ်​၌ မိ​မိ​၏​လင်​ယောက်ျား​အား မေး​မြန်း​ကြ​စေ။ အ​ကြောင်း​မူ​ကား မိန်း​မ​တစ်​ဦး​အ​နေ​ဖြင့် အ​သင်း​တော်​၌​ဟော​ပြော​ခြင်း​သည် ရှက်​ဖွယ်​ဖြစ်​၏။

36 ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် သင်​တို့​ထံ​မှ​ထွက်​လာ​သ​လော။ သို့​မ​ဟုတ် သင်​တို့​ထံ​သို့​သာ​ရောက်​လာ​သ​လော။

37 တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​ကိုယ်​ကို ပ​ရော​ဖက် သို့​မ​ဟုတ် ဝိ​ညာဉ်​လူ​ဖြစ်​သည်​ဟု​ထင်​မှတ်​လျှင် သင်​တို့​ထံ ငါ​ရေး​လိုက်​သော​အ​ကြောင်း​အ​ရာ​တို့​သည် သ​ခင်​ဘု​ရား​၏​ပ​ညတ်​တော်​ဖြစ်​ကြောင်း သူ​သည် သိ​မှတ်​ရ​မည်။

38 မည်​သူ​မ​ဆို ဤ​အ​ရာ​ကို အ​သိ​အ​မှတ်​မ​ပြု​လျှင် ထို​သူ​သည် အ​သိ​အ​မှတ်​ပြု​ခြင်း​ခံ​ရ​မည်​မ​ဟုတ်။

39 သို့​ဖြစ်​၍ ငါ့​ညီ​အစ်​ကို​တို့၊ ပ​ရော​ဖက်​ပြု​ဟော​ပြော​ရန် အ​လွန်​အ​လို​ရှိ​ကြ​လော့။ အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​ခြင်း​ကို​လည်း မ​တား​မြစ်​ကြ​နှင့်။

40 သို့​သော် အ​ရာ​အား​လုံး​ကို တင့်​တယ်​လျောက်​ပတ်​စွာ အ​စီ​အ​စဉ်​တ​ကျ​ပြု​ကြ​လော့။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16