ကော​ရိန္သု​ဩ​ဝါ​ဒ​စာ​ပ​ထ​မ​စောင် 13 MSB

အ​မြတ်​ဆုံး​ဖြစ်​သော​ချစ်​ခြင်း​မေတ္တာ

1 ငါ​သည် လူ့​ဘာ​သာ​စ​ကား​နှင့် ကောင်း​ကင်​တ​မန်​၏​ဘာ​သာ​စ​ကား​တို့​ကို ပြော​နိုင်​သော်​လည်း မေတ္တာ​မ​ရှိ​လျှင် မြည်​ဟည်း​သော​ကြေး​မောင်း သို့​မ​ဟုတ် စူး​ရှ​စွာ​မြည်​သော လင်း​ကွင်း​ကဲ့​သို့​ဖြစ်​၏။

2 ငါ​သည် ပ​ရော​ဖက်​ပြု​ဟော​ပြော​နိုင်​သော​အ​ခွင့်​ကို​ရ​ရှိ​၍ လျှို့​ဝှက်​နက်​နဲ​သော​အ​ရာ​ရှိ​သ​မျှ​နှင့် အ​သိ​ပ​ညာ​အ​လုံး​စုံ​တို့​ကို နား​လည်​သိ​ရှိ​ကာ တောင်​များ​ကို​ရွှေ့​နိုင်​သည့် ယုံ​ကြည်​ခြင်း​အ​ပြည့်​အ​ဝ​ရှိ​သော်​လည်း မေတ္တာ​မ​ရှိ​လျှင် အ​ချည်း​နှီး​ဖြစ်​၏။

3 ငါ​သည် မိ​မိ​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို စွန့်​ကြဲ​သည်​သာ​မ​က ငါ​၏​ကိုယ်​ခန္ဓာ​ကို​မီး​ရှို့​စေ​ရန် အပ်​နှံ​သော်​လည်း မေတ္တာ​မ​ရှိ​လျှင် ငါ​၌​မည်​သည့်​အ​ကျိုး​မျှ​မ​ရှိ။

4 မေတ္တာ​သည် စိတ်​ရှည်​တတ်​၏။ ကျေး​ဇူး​ပြု​တတ်​၏။ မေတ္တာ​သည် မ​နာ​လို​ခြင်း​မ​ရှိ။ ဝါ​ကြွား​ခြင်း​မ​ရှိ၊ မာ​န​ထောင်​လွှား​ခြင်း​မ​ရှိ၊

5 မ​လျောက်​ပတ်​စွာ​မ​ပြု​တတ်၊ ကိုယ်​ကျိုး​ကို​မ​ရှာ​တတ်၊ ဒေါ​သ​အ​လွယ်​တ​ကူ​မ​ထွက်​တတ်၊ သူ​တစ်​ပါး​အ​ပြစ်​ကို မှတ်​၍​မ​ထား​တတ်။

6 မ​တ​ရား​မှု​၌ ဝမ်း​မြောက်​ခြင်း​မ​ရှိ​ဘဲ သမ္မာ​တ​ရား​၌​သာ ဝမ်း​မြောက်​တတ်​၏။

7 ခပ်​သိမ်း​သော​အ​ရာ​ကို ကြံ့​ကြံ့​ခံ​တတ်​၏။ ခပ်​သိမ်း​သော​အ​ရာ​ကို ယုံ​ကြည်​တတ်​၏။ ခပ်​သိမ်း​သော​အ​ရာ​ကို မျှော်​လင့်​တတ်​၏။ ခပ်​သိမ်း​သော​အ​ရာ​ကို သည်း​ခံ​တတ်​၏။

8 မေတ္တာ​သည် မည်​သည့်​အ​ခါ​မျှ ကုန်​ခန်း​ခြင်း​မ​ရှိ။ ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​တို့​မူ​ကား ပယ်​ဖျက်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။ အ​ခြား​သော​ဘာ​သာ​စ​ကား​ပြော​ဆို​ခြင်း​တို့​သည်​လည်း ရပ်​တန့်​သွား​ကြ​လိမ့်​မည်။ အ​သိ​ပ​ညာ​သည်​လည်း ပယ်​ဖျက်​ခြင်း​ခံ​ရ​လိမ့်​မည်။

9 အ​ကြောင်း​မူ​ကား ငါ​တို့​သည် တစ်​စိတ်​တစ်​ဒေ​သ​မျှ​သာ​သိ​ကြ​ပြီး တစ်​စိတ်​တစ်​ဒေ​သ​မျှ​သာ ပ​ရော​ဖက်​ပြု​ဟော​ပြော​ကြ​၏။

10 သို့​သော် စုံ​လင်​ခြင်း​ရောက်​လာ​သော​အ​ခါ တစ်​စိတ်​တစ်​ဒေ​သ​မျှ​သာ​ဖြစ်​သော​အ​ရာ​သည် ပယ်​ဖျက်​ခြင်း​ခံ​ရ​လိမ့်​မည်။

11 ငါ​သည် က​လေး​သူ​ငယ်​ဖြစ်​စဉ်​က က​လေး​သူ​ငယ်​ကဲ့​သို့​ပြော​ဆို​ခဲ့​၏။ က​လေး​သူ​ငယ်​ကဲ့​သို့​စဉ်း​စား​ခဲ့​၏။ က​လေး​သူ​ငယ်​ကဲ့​သို့​တွေး​ဆ​ခဲ့​၏။ လူ​ကြီး​ဖြစ်​လာ​သော​အ​ခါ က​လေး​သူ​ငယ်​၏​အ​လေ့​အ​ထ​များ​ကို ငါ​ပယ်​ရှား​၏။

12 ယ​ခု ငါ​တို့​သည် မှန်​အား​ဖြင့် မှုန်​ဝါး​ဝါး​သာ​မြင်​ရ​ကြ​၏။ ထို​အ​ခါ​၌​မူ​ကား မျက်​ဝါး​ထင်​ထင်​မြင်​ရ​ကြ​လိမ့်​မည်။ ယ​ခု ငါ​သည် တစ်​စိတ်​တစ်​ဒေ​သ​မျှ​သာ​သိ​၏။ သို့​သော် ငါ့​ကို​စုံ​လင်​စွာ​သိ​တော်​မူ​သ​ကဲ့​သို့ ထို​အ​ခါ​၌​မူ​ကား ငါ​သည်​လည်း စုံ​လင်​စွာ​သိ​ရ​လိမ့်​မည်။

13 ယ​ခု​တွင် ယုံ​ကြည်​ခြင်း၊ မျှော်​လင့်​ခြင်း​နှင့် ချစ်​ခြင်း​မေတ္တာ ဤ​သုံး​ပါး​တို့​သည် တည်​လျက်​ရှိ​၏။ ဤ​သုံး​ပါး​တို့​တွင် ချစ်​ခြင်း​မေတ္တာ​သည် အ​မြတ်​ဆုံး​ဖြစ်​၏။

အခန်းကြီး

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16